မောင်တောတွင် တိုက်ပွဲပြင်းထန်၊ မြို့ခံထောင်ချီပိတ်မိနေဆဲ

မောင်တောတွင် တိုက်ပွဲပြင်းထန်၊ မြို့ခံထောင်ချီပိတ်မိနေဆဲ

ရခိုင်ပြည်၊ မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်ရေး အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသဖြင့် မြို့ခံထောင်ချီမှာ ထွက်မရောက်သေးဘဲ ပိတ်မိနေကြောင်း သိရသည်။

ယနေ့ မောင်တောမြို့အဝင် ပန်းတောပြင်ကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး မွန်းလွဲ ၁၂ နာရီကျော်အချိန် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုရှိခဲ့သည်။

“ကျမအမေနဲ့ အကိုတွေမြို့ထဲမှာ ကျန်ခဲ့သေးတယ်။ သူတို့ထွက်ဖို့အတွက် လမ်းမရှိတော့ဘူး။  တောင်ပိုင်းသို့ ထွက်ပြေးမယ်ဆိုရင်လည်း မောင်နီပြင်ရွာမှာရှိတဲ့ ARSA တွေက ပစ်သတ်မယ်လို့ ပြောထားတယ်လို့ သိရဘယ်။ ဘယ်ကိုထွက်ပြေးလို့ ပြေးရမယ်ဆိုတာ မသိတော့ဘူး။ အရမ်းစိတ်ပူနေတယ်” ဟု စစ်ဘေးရှောင် မောင်တောမြို့ခံတစ်ဦးက ပြောသည်။

ပိတ်မိနေသူများထဲတွင် ရခိုင်၊ မွတ်ဆလင်နှင့် ဟိန္ဒူလူမျိုးများပါဝင်ပြီး ၎င်းတို့အား AA က ကယ်ထုတ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် ဇွန်လ ၁၆ ရက်မှစ၍ မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် AA က အသိပေးထားသည်။ သို့သော်လည်း မြို့ပတ်ပတ်လည်တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် ထွက်မရောက်နိုင် ဖြစ်နေကြသည်။

“အပြင်ထွက်မရတာကြောင့် ခြံထဲက သရက်သီးတွေ ခူးဆွတ်ပြီးတော့ ထမင်းနဲ့စားနေရတယ်လို့ ပြောတယ်။ အခုက မောင်တောမြို့ထဲမှာ ဖုန်းလိုင်းဖြတ်ထားတယ်။ ပိတ်မိနေသူဆီက ခက်ခက်ခဲခဲနဲ့ ဆက်သွယ်လို့ရတဲ့အခါမှ ပြောရတာ” ဟု နောက်ထပ် မောင်တောဒေသခံတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို AA က သိမ်းပိုက်ထားပြီး မြို့အနီးရှိ နခခ (၅) မြို့သူကြီးနှင့် နခခ (၂) လေးမိုင် နယ်ခြားစောင့်တပ်ရင်း ၂ ခုသာ ကျန်ရှိတော့သည်။

ရခိုင်စစ်ပွဲ ၇ လကျော်အတွင်း အာရက္ခတပ်တော်(AA)သည် မြို့နယ် ၁၀ ခုထိ သိမ်းပိုက်ထိန်းချုပ်ထားသည်။ လက်ရှိတွင် မောင်တော၊ အမ်း၊ သံတွဲ၊ တောင်ကုတ် မြို့နယ်များတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့မှာ တိုက်ပွဲကြား ပိတ်မိနေကြသည်။

May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...