တရုတ်စီမံကိန်းများစွာရှိသည့် ကျောက်ဖြူမြို့အခြေအနေ ဘယ်လိုရှိနေလဲ

တရုတ်စီမံကိန်းများစွာရှိသည့် ကျောက်ဖြူမြို့အခြေအနေ ဘယ်လိုရှိနေလဲ

ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ဆဲမြို့များထဲမှ တရုတ်စီမံကိန်းများစွာရှိသည့် ကျောက်ဖြူမြို့နယ်တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုနှင့်အတူ တင်းမာမှုများရှိနေသည်။

လက်ရှိတွင် စစ်ကောင်စီအာဏာသက်ရောက်မှုမှာ ကျောက်ဖြူမြို့နှင့် စီမံကိန်းတည်ရှိရာ မဒေးကျွန်းအပါအဝင် မြို့အနီးရှိ ကျေးရွာ ၁၂ ရွာခန့်သာရှိပြီး အခြားနယ်မြေများတွင် အာရက္ခတပ်တော်(AA)က စိုးမိုးထားကြောင်း သိရသည်။

“ကျောက်ဖြူမြိုနယ်မှာ ကြီးမားတဲ့ စခန်းသိမ်းတိုက်ပွဲတွေတော့ မရှိသေးဘူး။ စစ်ကောင်စီက မြိုရဲ့ ၁၀ မိုင် ပတ်လည်လောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပြီးတော့ အဲ့ဒီထက်ရှေ့ကို တိုးလို့မရဘဲ AA က ပိတ်ဆို့ထားတာဖြစ်တယ်” ဟု ကျောက်ဖြူမြိုခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြိုနယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီးရေတပ်ဌာနခွဲနှင့် ၃၂ ရဲတပ်ရင်း အပါအဝင် ခမရ( ၅၄၂ )၊ ခမရ (၅၄၃)၊ ခလရ( ၃၄) တပ်ရင်းတို့ အခြေစိုက်ထားသည်။

လက်ရှိတွင် AA က ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီးရေတပ်ဌာနခွဲနှင့် ၃၂ ရဲတပ်ရင်းအနီးတစ်ဝိုက်ထိ ချည်းကပ်ပိတ်ဆို့ထားပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားရန် အသင့်အနေအထားရှိနေကြောင်း ဒေသခံများက ဆိုကြသည်။

“စစ်ကောင်စီတပ်သားတွေက သူတို့စခန်းရှိရာကနေပဲ လှမ်းပစ်တာမျိုးရှိတယ်။ တကယ်လို့ စစ်ကောင်စီဟာ အေအေရှိနေတဲ့နေရာအထိ စစ်ကျွံလာမယ်ဆိုရင်တော့ အချိန်မရွေးတိုက်ပွဲဖြစ်ပွားမယ့် အနေအထားမှာရှိတယ်” ဟု မြေပြင်အခြေအနေကိုသိရှိသူ ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့တွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းကို အသုံးပြု၍ စစ်အင်အားဖြည့်တင်းကာ မြို့ပေါ်လုံခြုံရေးကို တိုးမြှင့်နေကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် အပစ်ရပ်စဲရန်အတွက် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုများရှိသော်လည်း စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် အပစ်ရပ်စဲရန် မဖြစ်နိုင်သေးကြောင်း AA က တရားဝင်ပြောထားသည်။

ရခိုင်က မြို့နယ် ၉ ခုနှင့် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် ကျန်ရှိနေသေးသည့် မြို့နယ်များကိုလည်း သိမ်းပိုက်ရရှိနိုင်ရေး စီစဉ်နေကြောင်း ပြောဆိုထားသည်။

လက်ရှိ မောင်တော၊ အမ်းနှင့် သံတွဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး မြို့တော်စစ်တွေနှင့် ကျောက်ဖြူအပါအဝင် အခြားမြို့နယ်များကို AA က မည်သို့ထိုးစစ်ဆင်သွားမလဲ ဆိုသည်ကို အားလုံးက စိတ်ဝင်စားနေကြသည်။

July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...