စစ်တွေထောင်မှ နိုင်ကျဉ်း ၉၀ ကျော်ကို ရန်ကုန်သို့ ပို့ဆောင်

စစ်တွေထောင်မှ နိုင်ကျဉ်း ၉၀ ကျော်ကို ရန်ကုန်သို့ ပို့ဆောင်

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၉၀) ကျော်ကို ပြီးခဲ့သည့် ဇွန်လ ၄ ရက်က ရန်ကုန်သို့ ပို့ဆောင်လိုက်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။ စစ်တွေလေဆိပ်မှတစ်ဆင့် စစ်ကောင်စီ၏ Y8 ထောက်ပို့လေယာဉ်ဖြင့် ရန်ကုန်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

သတင်းရင်းမြစ်တစ်ဦးက “ကားသုံးစီးမှာ လူအပြည့်ပါသွားတယ်။ ရန်ကုန်အကျဉ်းထောင်တွေကို ပို့လိုက်တာပါ။ AA က စစ်တွေမြို့တက်သိမ်းမှာကိုကြောက်လို့ နိုင်ကျဉ်းတွေကို ရွှေ့လိုက်တာဖြစ်နိုင်တယ်။ ကျန်တဲ့သူတွေကိုလည်း ထပ်ပြီး ပြောင်းရွှေ့နိုင်ပါသေးတယ်” ဟု ပြောသည်။

စစ်တွေအကျဉ်းထောင်တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှု ပုဒ်မ ၅၀(က)၊ ၅၀ (ည) စသည့်ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံရေးအကျဉ်းသားဦးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

စစ်တွေလေဆိပ်နှင့် နီးစပ်သူတစ်ဦးက “လက်ထိပ်ခတ်ပြီးတော့လည်းပါသလို မခတ်ဘဲလည်းပါတယ်။ အားလုံး ၉၀ လောက်ရှိမယ်။ သူတို့ကို လေယာဉ်နဲ့ ၄ နာရီလောက်မှာ ရန်ကုန်ဘက်ကို ပို့လိုက်တာပါ” ဟု ပြောသည်။

အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မောင်တော၊ စစ်တွေ၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွမြို့နယ်များကိုလည်း ထိုးစစ်ဆင်သိမ်းပိုက်သွားမည်ဟု ကြေညာထားသည်။ ယင်းသို့ ထုတ်ပြန်ပြီးနောက် စစ်တွေအကျဉ်းထောင်မှ နိုင်ကျဉ်းများကို စစ်ကောင်စီက ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

၅၀၅(က) ဖြင့် တရားစွဲခံထားရသူ၏ မိသားစုဝင်တစ်ဦးက “ပြောင်းရွှေ့ပြီးရင် တစ်ခုခုများလုပ်လိုက်မလား၊ စစ်မှုထမ်းခိုင်းလိုက်မလားဆိုပြီး တွေးစရာတွေ များတယ်။ ရခိုင်မှာရှိတယ်ဆိုရင်တော့ အနီးနားလေးမှာဆိုတဲ့စိတ်နဲ့ ဖြေသာလို့ရတယ်။ အခုက ရန်ကုန်ဘက်သို့ ပြောင်းလိုက်တယ်ဆိုတော့ ဘာများလုပ်လိုက်မလဲဆိုပြီး အများကြီး စိုးရိမ်မိပါတယ်” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...