ရခိုင်အရေးမှာ လိုတာထက်မပိုဖို့ NUG ကို AA စာပို့ထား

ရခိုင်အရေးမှာ လိုတာထက်မပိုဖို့ NUG ကို AA စာပို့ထား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး တော်လှန်ရေးအဖွဲ့အစည်း ဖြစ်သော်လည်း ရခိုင်ပြည်တွင်းအရေးနှင့်ပတ်သက်၍ တချို့ကိစ္စများတွင် လိုအပ်သည်ထက် ပိုပြီးမပြောရန် မေတ္တာရပ်ခံစာပို့ထားကြောင်း AA တပ်မှူးချုပ်က ပြောသည်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က VOA သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

NUG ကို တပြည်လုံးအတိုင်းအတာနှင့် မျှော်လင့်ချက်ထားသော်လည်း NUG ၏ လုပ်ဆောင်ချက်အချို့ကို AA အနေနှင့် သဘောမကျမှုတချို့လည်းရှိခဲ့ကြောင်း AA က ဆိုသည်။

“ အထူးသဖြင့် ရခိုင်အရေးမှာ မဖြစ်မနေ ပြောရတယ်ဆိုတဲ့ အတိုင်းအတာလည်း လက်ခံတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက လိုတာထက်မပို့ဖို့လည်း ကျနော်တို့ မျှော်လင့်တယ်။ ဒါကြောင့် ကျနော်တို့က ဒီတလောက ယဉ်ယဉ်ကျေးကျေးနဲ့ မေတ္တာရပ်ခံတဲ့အကြောင်း စာကိုလည်း ပို့ထားပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသနေ မွတ်ဆလင်များကို စစ်ကောင်စီနှင့် AA က လူ့အခွင့်ရေးချိုးဖောက်နေသည့်အပေါ် စိုးရိမ်ကြောင်း NUG က မေ ၂၁ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။

ယင်းအပြင် NUG ၊ ချင်းတော်လှန်ရေးအဖွဲ့များ၊ DKBA ၊ ရှမ်းမြောက်၊ ပလောင်၊ ကိုးကန့်၊ ဗမာပြည်အလယ်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့များနှင့် ကောင်းမွန်သည့် မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားကြောင်းလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုသည်။

နိုင်ငံရေးရည်မှန်းချက်အနေနှင့် ကွန်ဖက်ဒရေးရှင်းကို ဆုပ်ကိုင်ထားပြီး တောင်းယူမည်မဟုတ်ဘဲ ရအောင်တိုက်ယူမည်ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

“ရခိုင်ပြည်အတွက် ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းတစ်ခုကို မျှော်မှန်းပြီး လုပ်နေတယ်။ တိုက်ပွဲဝင်နေတယ်။ ရပ်တည်ချက် မပြောင်းဘူး။ သူများဆီကလည်း တောင်းနေမှာမဟုတ်ဘူး။ မရရအောင် တိုက်သင့်ရင်တိုက်မယ်။ ပြီးမှ တည်ဆောက်သွားမယ်” ဟု ဆိုသည်။

မြန်မာပြည်ထောင်စု ထူထောင်သည့်အခါတွင် တစ်စုတစ်ဖွဲ့က လက်ဝါးကြီးအုပ်ချုပ်ခြင်းမျိုး မဟုတ်ဘဲ Coming Together အတူတကွ ပူးပေါင်းနေထိုင်ခြင်းမျိုးကို နှစ်သက်ကြောင်းနှင့် ပြည်တွင်းပြဿနာ ဖြေရှင်းရာတွင် ပြည်ပလွှမ်းမိုးမှု နည်းနိုင်သမျှနည်းအောင် သတိထားဖို့ကိုလည်း မြန်မာအရေးနှင့်ပတ်သက်ပြီး ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထောက်ပြခဲ့သည်။

အာရက္ခတပ်တော် (AA) သည် ပလက်ဝနှင့် ရခိုင်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲမြို့တို့ကို တိုက်ပွဲ ၆ လအတွင်း AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသော မောင်တော၊ စစ်တွေ၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွမြို့နယ်များ ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။

လက်ရှိ မောင်တော၊ အမ်း၊ သံတွဲမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသဖြင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။

အာရက္ခတပ်တော်(AA)တွင် ထောင်ပေါင်းများစွာသော အရန်အင်အားများကို ထည့်မတွက်ဘဲ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် အရေအတွက် ၄၀,၀၀၀ နီးပါးရှိကြောင်းလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထုတ်ဖော်ပြေကြားထားသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...