မေလအတွင်း ရခိုင်နှင့် ပလက်ဝတွင် အရပ်သားသေဆုံးဒဏ်ရာရသူ ၂၀၀ ကျော်ရှိ

မေလအတွင်း ရခိုင်နှင့် ပလက်ဝတွင် အရပ်သားသေဆုံးဒဏ်ရာရသူ ၂၀၀ ကျော်ရှိ

ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပါဝင် မှိုင်းထိမှန်မှုတို့ကြောင့် မေလအတွင်း အရပ်သား သေဆုံးသူ ၁၀၂ ဦးနှင့် ဒဏ်ရာရသူ ၁၀၄ ဦး၊ စုစုပေါင်း ၂၀၆ ဦးအထိရှိကြောင်း သိရသည်။

မေလ ၁ ရက်မှ ၃၁ ရက်ထိ DMG ကောက်ယူထားသောစာရင်းအရ သေဆုံးဒဏ်ရာရသူများမှာ စစ်တွေမြို့နယ်တွင် အများဆုံးဖြစ်ပြီး ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ၅၃ ဦးအထိ ပစ်သတ်ခံခဲ့ရသည်။

“ ကျမတို့ရွာမှာက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ။ အဲဒီမြင်ကွင်းက ကျမတို့မျက်လုံးထဲက မထွက်နိုင်ဘူး။ ဒီလိုမျိုးလည်း တစ်ခါမှမကြုံဖူးတော့ အရမ်းကြောက်မိတယ်။ ကျမတို့ရွာကို စစ်ကောင်စီက ဘာလို့ ဒီလောက်ထိ အငြိုးထားရလဲ မသိဘူး” ဟု စစ်တွေမြို့ ၊ ဗျိုင်းဖြူရွာက အမျိုးသမီးတစ်ဦးကပြောသည်။

မေလအတွင်း သေဆုံးသူစာရင်းမှာ စစ်တွေ ၅၃ ဦး၊ အမ်း ၁ ဦး ၊ ဘူသီးတောင်၂ ဦး၊ မောင်တော ၈ ဦး၊ ကျောက်တော် ၄ ဦး၊ မင်းပြား ၁ ဦး၊ ကျောက်ဖြူ ၂ ဦး၊ ပလက်ဝ ၈ ဦး၊ သံတွဲ ၁၇ ဦးနှင့် ရသေ့တောင် ၃ ဦး၊ ရမ်းဗြဲ ၃ ဦး ဖြစ်သည်။

ဒဏ်ရာရသူများမှာ အမ်း ၅ ဦး ၊ ဘူသီးတောင် ၁၃ ဦး၊ မောင်တော ၁၉ ဦး၊ ကျောက်တော ၂၂ ဦး၊ မင်းပြား ၁၀ ဦး၊ ကျောက်ဖြူ ၄ ဦး၊ ပလက်ဝ ၁၁ ဦး ၊ သံတွဲ ၁၇ ဦး နှင့် ရသေ့တောင် ၃ ဦး ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ရခိုင်နှင့် ပလက်ဝတွင် အရပ်သားသေဆုံးဒဏ်ရာရသူ ၈၅ ဦးရှိခဲ့ပြီး မေလတွင် သုံးဆခန့် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကို အကာအကွယ်ပေးရန် ပြဌာန်းထားသော်လည်း ရခိုင်ဒေသတွင် စစ်ကောင်စီက နေစဉ်နှင့်အမျှ ဖောက်ဖျက်ကျူးလွန်နေသည်။

စစ်ကောင်စီသည် အရပ်သားနေအိမ်၊ လူစုလူဝေးနေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်နေသောကြောင့် အရပ်သားထိခိုက်ဒဏ်ရာရ သေဆုံးမှု မြင့်တက်လာနေခြင်းဖြစ်သည်။

ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက “ကျနော်တို့ဖက်မှာ စစ်ကောင်စီကင်းစင်သွားပြီဆိုပေမဲ့ လေကြောင်းရန်ကိုတော့ ကြောက်နေရဆဲပဲ။ မနေ့ညက ဆိုရင်လည်း ဂျက်လေယာဉ် တစ်ညလုံးပျံဝဲနေတယ်။ စိုးရိမ်စိတ်နဲ့ တစ်ညလုံးအိမ်မပျော်ဘူး” ဟု ပြောသည်။

ညဏ်လင်းသစ်သုတေသနအဖွဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ နိုင်ငံတဝန်းတွင် စစ်ကောင်စီ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ် ၈၁၉ ခုနှင့် အကြိမ်ရေ ၂,၅၆၇ ကြိမ် ရှိခဲ့သည့်အထဲ ရခိုင်တွင် ၄၀၉ ကြိမ်ဖြင့် ပစ်ခတ်မှုအကြိမ်ရေ အများဆုံးဖြစ်သည်။

May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...