နေရပ်စွန့်ခွာ သံတွဲဒေသခံများကို စစ်ကောင်စီ သွားလာခွင့်တင်းကြပ်

နေရပ်စွန့်ခွာ သံတွဲဒေသခံများကို စစ်ကောင်စီ သွားလာခွင့်တင်းကြပ်

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းက နေရပ်စွန့်ခွာဒေသခံများကို စစ်ကောင်စီက သွားလာခွင့် တင်းကြပ်ကန့်သတ်မှုများ လုပ်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာများမှ ဒေသခံများအပါအဝင် သံတွဲမြို့ခံအချို့မှာ ဂွနှင့် တောင်ကုတ်မြို့နယ်ဖက်သို့ စစ်ဘေးတိမ်းရှောင်ကြစဉ် ယခုရက်ပိုင်းအတွင်း သွားလာခွင့်ကန့်သတ်လာသည်ဟု ဒေသခံများက ပြောသည်။

“ဂွဘက်ကိုသွားတဲ့ လူတွေကို စစ်ကောင်စီက အထုတ်အပိုးတွေပါရင် သွားခွင့်မပေးတော့ဘူး။ စစ်ရှောင်တွေမှာ ကိုယ့်မှာရှိတာလေးတွေကို သယ်လာကြတာကို ခွင့်မပြုတော့ တော်တော်လေးကိုခက်ခဲကြတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

မြို့နှင့်နီးကပ်လာသော တိုက်ပွဲများကြောင့် သံတွဲမြို့ခံများမှာလည်း နေရပ်စွန့်ခွာတိမ်းရှောင်မှု များပြားနေပြီး အများစုမှာ ရန်ကုန်သို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

တစ်လကျော်ကြာမြင့်လာသည့် သံတွဲတိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများမှ ဒေသခံများနှင့် မြို့ခံအများအပြားမှာ ဂွ၊ တောင်ကုတ်မြို့နယ်များအပြင် ရန်ကုန်သို့ သွားရောက်တိမ်းရှောင်ကြခြင်း ဖြစ်သည်။

လက်ရှိတွင် ဂွမြို့နယ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည့် သံတွဲဒေသခံများကို စစ်ကောင်စီက ဧည့်စာရင်း စစ်ဆေးမှုများရှိလာကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။

“အရင်ကတည်းက ရောက်နေသူတွေကိုလည်း ဧည့်စာရင်းစစ်ဆေးမယ်ဆိုပြီး ပြောတာတွေရှိတယ်။ အဓိကတော့ စစ်ကောင်စီက AA တွေ ဂွဘက်ဝင်လာမှာကို တော်တော်လေးကို ကြောက်နေပုံရတယ်” ဟု သူက ပြောသည်။

ဂွမြို့နယ်အတွင်း မြို့အဝင်/ထွက် ဂိတ်များတွင်လည်း မှတ်ပုံတင်၊ ခရီးသွားထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း သိရသည်။

သံတွဲဒေသခံများနှင့် စစ်ဘေးရှောင်များ အသုံးပြုသွားလာနေကြသည့် ဆင်းခေါင်း - ကင်းမော် ရေလမ်းကြောင်းနှင့် သံတွဲ-တောင်ကုတ် ကားလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ အခက်အခဲဖြစ်နေကြသည်။

သံတွဲမြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

 

“စစ်ကောင်စီက လေကြောင်းကနေ လူအင်အားနဲ့ လက်နက်အင်အား ဖြည့်တင်းတာတွေရှိတယ်။ အဓိက သူတို့ (စစ်ကောင်စီ)ဘက်က အကျအဆုံးများလို့ အင်းအားဖြည့်တာ ဖြစ်နိုင်တယ်” ဟု သံတွဲဒေသခံ နောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်တွင် စတင်သည့် စစ်ကောင်စီနှင့် AA တို့၏ သံတွဲတိုက်ပွဲမှာ တစ်လကျော်ကြာမြင့်လာပြီး ဒေသတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ ၃၀,၀၀၀ သောင်းကျော်ထိရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...