သံတွဲတွင် စစ်ရှိန်မြင့်နေပြီး ပြည်သူအချို့ မြို့ကိုစွန့်ခွာ

သံတွဲတွင် စစ်ရှိန်မြင့်နေပြီး ပြည်သူအချို့ မြို့ကိုစွန့်ခွာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာ၍ ယခုရက်ပိုင်းအတွင်း သံတွဲမြို့ခံတချို့မှာ ရန်ကုန်မြို့အပါဝင် ပြည်မဘက်သို့ တိမ်းရှောင်နေကြသည်ဟု သိရသည်။

သံတွဲမြို့နယ်တွင် ယခုနှစ်၊ ဧပြီလ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲနယ်မြေလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။

ထို့ကြောင့် သံတွဲမြို့ခံများမှာ မြို့ပေါ်တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေကြခြင်းဖြစ်သည်။

“တိုက်ပွဲက တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာတော့ တချို့ငွေကြေးတတ်နိုင်သူတွေက ရန်ကုန်အပါအဝင် ပြည်မဖက်ကို ရွှေ့ပြောင်းကြတာတွေရှိတယ်။ မြို့ပေါ်တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ရွှေ့ပြောင်းလူဦးရေကလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာတယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

သံတွဲမြို့နှင့်ဆက်သွယ်ထားသည့် ကုန်လမ်း၊ ရေးလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် လေကြောင်းမှတစ်ဆင့် ထွက်ခွာနေကြခြင်းဖြစ်သည်။

မြို့စွန့်တိမ်းရှောင်သူ များပြားနေ၍ မေလ ၂၃ ရက်နေ့အထိ လေယာဉ်လက်မှတ် ဝယ်ယူ၍မရတော့ကြောင်း ဒေသခံများက ပြောသည်။

“ရန်ကုန်ဖက်ကို နေ့တိုင်းဆိုသလို ရွှေ့ပြောင်းနေကြတာရှိတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ ဆိုရင်တော့ လူဦးရေ ထောင်ဂဏန်းလောက်တော့ ရှိလောက်ပြီ။ မြို့တွင်းမှာ လူဦးရေအများစုက ရှိနေကြသေးတယ်။ ဒါပေမယ့် တိုက်ပွဲပြင်းထန်လာရင်တော့ ပိုပြီးရွှေ့ပြောင်းသူတွေ များလာနိုင်တယ်” ဟု သံတွဲမြို့ခံနောက်တစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် အာရက္ခတပ်တော်(AA)က တိုက်ပွဲများဖော်ဆောင်ကာ စစ်ရေးအရှိန်မြှင့်တင်နေပြီး စစ်ကောင်စီကလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ရေကြောင်းမှတစ်ဆင့် စစ်အင်အားဖြည့်တင်းကာ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး၊ လေကြောင်းဗုံးကြဲမှုများမှာ အရပ်သားနေထိုင်ရာ ကျေးရွာများနှင့် အနီးတဝိုက်သို့ ကျရောက်မှုများရှိနေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...