ရေရှားပါးမှုဒဏ်ကြောင့် ရခိုင်စစ်ဘေးရှောင်များ ရောဂါထူပြောနိုင်သည်ဟု ကု/လပြော

ရေရှားပါးမှုဒဏ်ကြောင့် ရခိုင်စစ်ဘေးရှောင်များ ရောဂါထူပြောနိုင်သည်ဟု ကု/လပြော

ရခိုင်ပြည်အတွင်းက နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူများမှာ နွေရာသီရေရှားပါးမှုကြောင့် မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ နောက်ဆက်တွဲအဖြစ် ရောဂါဘယထူပြောနိုင်ခြေရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်သည်။  

UNOCHA အနေဖြင့် ရခိုင်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် အခက်အခဲရှိနေသော်လည်း သောက်သုံးရေအကူအညီပေးနိုင်ရန် ကြိုးပမ်းနေကြောင်း မေလ ၆ ရက်က ထုတ်ပြန်သည့် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ်အစီရင်ခံစာတွင်ဖော်ပြသည်။

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များမှာ မသန့်ရှင်းသောရေကို သောက်သုံးနေရ၍ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပြီး ဆေးဝါးပြတ်လပ်မှုကြောင့် အသက်သေဆုံးမှုအထိ ရှိနေသည်။

“ ရေကလုံးဝမသန့်ဘူး။ အပူချိန်ကလည်း အလွန်ပြင်းတော့ နာမကျန်းဖြစ်တော့တာပဲ။ ကျနော်တို့စခန်းမှာ ရေမသန့်တာကိုသောက်လို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူတွေရှိနေတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးအောင်မြင့်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက အထက်မြတ်လှဲစစ်ရှောင်စခန်းက စစ်ဘေးရှောင်သုံးဦးမှာ မသန့်ရှင်းသောရေကို သုံးစွဲမိရာမှ ဝမ်းပျက်၊ ဝမ်းလျှော၊ အော့အန်ခြင်း စသည့် ရောဂါဝေဒါခံစားပြီးနောက် နှစ်ရက်သုံးရက်အကြာတွင် သေဆုံးသွားခဲ့သည်။

လက်ရှိတွင် သောက်ရေကန်များ ခမ်းခြောက်သွားပြီဖြစ်၍ စစ်ဘေးရှောင်များမှာ ချောင်းရေ၊ တွင်းရေ နှင့် အိုင်းအင်များမှ ရေများကို ခပ်ယူသုံးစွဲနေရသည်။

စစ်ဘေးရှောင်များမှာ မသန့်ရှင်းသောရေကို သောက်သုံးနေရသဖြင့် နာမကျန်းရောဂါများ ဖြစ်လာပါကလည်း  ဆေးဝါးပြတ်လပ်နေမှုကြောင့် ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ စိန်ခေါ်မှုရှိနေကြသည်။

“ဝမ်းပျက်၊ ဝမ်းလျှော၊ ဖျားနာဖြစ်ရင် သောက်ဖို့ဆေးရှာမရဘူး။ ဈေးကလည်း တအားမြင့်တက်နေတယ်။ ငွေကြေးလည်းမရှိတော့ ကျမတို့မှာ ကျန်းမာရေးနဲ့ပတ်သက်လို့ တစ်ခုခုဖြစ်ရင်လာရင် အခက်အခဲတွေ အများကြီးရှိနေတယ်” ဟု ပေါက်တောမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။  

စစ်ရေးကြောင့် ရခိုင်တွင် စစ်ဘေးရှောင်ဦးရေသုံးသိန်းကျော် အထိရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ အပြင် မိုးတွင်းကာလနေထိုင်ရေးစသည့် အရေးပေါ်အကူအညီလိုအပ်ချက်များ မြင့်မားလျက်ရှိနေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...