ပုဏ္ဏားကျွန်း စစ်ဘေးရှောင်များ မိုးရာသီနေထိုင်ရန် မြေနေရာလိုအပ် (မိုးစပါးစိုက်ပျိုးရန်အတွက် လက်ရှိနေရာများမှ ဖယ်ပေးရတော့မည်)

ပုဏ္ဏားကျွန်း စစ်ဘေးရှောင်များ မိုးရာသီနေထိုင်ရန် မြေနေရာလိုအပ် (မိုးစပါးစိုက်ပျိုးရန်အတွက် လက်ရှိနေရာများမှ ဖယ်ပေးရတော့မည်)

တိုက်ပွဲကြောင့်ထွက်ပြေးနေကြသည့် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်များမှာ လက်ရှိခိုလှုံရာနေရာများ၌ မိုးရာသီကာလနေထိုင်ရန် အဆင်မပြေတော့သဖြင့် မြေနေရာအကူအညီ လိုအပ်နေကြသည်။

ပုဏ္ဏားကျွန်း - ကျောက်တော် ကားလမ်းမဘေးနှင့် ရွာအနီးလယ်ကွင်းများတွင် ယာယီတဲထိုးနေထိုင်ကြသည့် စစ်ဘေးရှောင်များမှာ မကြာမီ နေရာရွှေ့ပြောင်းပေးရမည့်အရေးနှင့် ကြုံနေကြခြင်းဖြစ်သည်။

လက်ရှိနေရာမှာ လယ်မြေနှင့် စားကျက်မြေများဖြစ်၍ မိုးရာသီတွင် နေရာဖယ်ပေးရမည်ဟု လယ်ပိုင်ရှင်များက အသိပေးထားသဖြင့် မြေနေရာအတွက် စိုးရိမ်ပူပင်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့မှ ဒေါ်ချိုချိုအေးက “မိုးရာသီစပါးစိုက်ပျိုးချိန် နီးလာတော့ လယ်ပိုင်ရှင်က နေရာရွှေ့ပြောင်းကြဖို့ ပြောထားတာတွေရှိတယ်။ ကျမတို့မှာ နေစရာနေရာလည်း မရှိသေးဘူး။ အိမ်ပြန်ခွင့်လည်း မရကြသေးဘူး။ သွားဖို့နေရာလည်း မရှိသေးတော့ တာဝန်ရှိသူတွေဖက်က မြေနေရာတစ်ခုခုလောက် စီစဉ်ပေးစေချင်တယ်” ဟု ပြောသည်။

သရက်ချို၊ ယိုးငူကျေးရွာများအနီးတွင် ယာယီတဲထိုးပြီးနေထိုင်ကြသည့် စစ်ဘေးရှောင် မိသားစု ၅၀၀ နီးပါးခန့်ရှိပြီး လူဦးရေအားဖြင့် ၃,၀၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါစစ်ရှောင်များမှာ လက်ရှိတွင် သောက်သုံးရေရှားပါးမှုနှင့်လည်း ကြုံတွေ့နေရပြီး မိသားစုတစ်စုအတွက် တစ်ရက်လျှင် ရေခွဲတမ်း ၄ လုံးသာ ရရှိသည်ဟု သိရသည်။

ပုဏ္ဏားကျွန်း ရွာဟောင်းရပ်ကွက်မှ စစ်ဘေးရှောင် ဦးဇော်ဝင်းနိုင်က “အခုနေတဲ့မြေက လယ်မြေတွေဆိုတော့ လယ်ပိုင်ရှင်တွေက ရွှေ့ခိုင်းထားတာရှိတယ်။ ကျနော်တို့က စစ်ရှောင်နေကြတာဆိုတော့ မြေနေရာငှားရမ်းဖို့ထိ ငွေကြေး မတတ်နိုင်ကြဘူး။ အတတ်နိုင်ဆုံးတော့ မြေပိုင်ရှင်တွေကို အကျိုးအကြောင်းပြောပြပြီး နေထိုင်ခွင့် တောင်းရတော့မယ်” ဟု ပြောသည်။

“သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ဘေးရှောင်တွေ မိုးရာသီကို လုံခြုံတဲ့အမိုးအကာအောက်မှာ နေထိုင်ခွင့်ရဖို့ အကူအညီတွေပေးစေချင်တယ်” ဟု သူက တောင်းဆိုသည်။

ပုဏ္ဏားကျွန်းမြို့ကို အာရက္ခတပ်တော်(AA) ယခုနှစ်၊ မတ်လ ၁၃ ရက်ကတည်းက သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် မကြာခဏလှမ်းပစ်နေသဖြင့် မြို့တွင်းနေထိုင်ခွင့်ကို AA က ကန့်သတ်ထားသေးသည်။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်တွင် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရသည့် အရပ်သား ၃ သိန်းကျော်အထိ ရှိသည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) စာရင်းများအရ သိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...