စစ်ကောင်စီလက်အောက်ခံ မွတ်ဆလင်များက AA အားတိုက်ခိုက်မှု ခပ်စိပ်စိပ်ရှိလာ

စစ်ကောင်စီလက်အောက်ခံ မွတ်ဆလင်များက AA အားတိုက်ခိုက်မှု ခပ်စိပ်စိပ်ရှိလာ
စစ်ယူနီဖောင်းဝတ်ဆင်ပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ
စစ်ယူနီဖောင်းဝတ်ဆင်ပြီး သေနတ်ကိုင်ဆောင်ထားသည့် မွတ်စလင်များအား ၂၀၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီနှင့်ပူးပေါင်းနေသော မွတ်ဆလင်များက အာရက္ခတပ်တော်(AA)အား တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ရှိလာကြောင်း AA က ထုတ်ပြန်သည်။

ဧပြီလ ၂၆ ရက် AA ထုတ်ပြန်ချက်တွင် - မွတ်ဆလင်အကြမ်းဖက်အဖွဲ့များက တစ်ဖွဲ့ချင်းသော်လည်းကောင်း စစ်ကောင်စီနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်များမှသော်လည်းကောင်း အာရက္ခတပ်တော်အား ခပ်စိပ်စိပ်တိုက်ခိုက်လာကြောင်း ဖော်ပြသည်။

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က “စစ်ကောင်စီက ကျနော်တို့လူမျိုး(မွတ်ဆလင်)တွေကို အတင်းအဓမ္မ ရက်တို စစ်သင်တန်းတွေပေး၊ လက်နက်တွေပေးပြီး ရှေ့တန်းတွေမှာ တိုက်ခိုင်းတယ်၊ လူသားဒိုင်းကာအဖြစ် သုံးတယ်” ဟု ပြောသည်။

“ARSA၊ ARA တို့လို အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတယ်လို့ သူတို့ကိုယ်တိုင်က ထုတ်ပြန်ထားတာ မရှိသလို၊ သက်သေတွေကလည်း မတွေ့ရတော့ အတည်ပြုလို့ မရသေးဘူး။ ပြီးတော့ သူတို့အဖွဲ့တွေက ကျနော်တို့လူမျိုးတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး” ဟု ရိုနေဆန်းလွင်က ဆက်ပြောသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် မွတ်ဆလင်မဟုတ်သူများ၏ အိုးအိမ်များ ဖောက်ထွင်းမီးရှို့ဖျက်ဆီးခံရခြင်း၊ ရခိုင်ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စဉ်းစိမ်နှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်နေသော အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက်ရှိနေသဖြင့် AA က ယမန်နေ့မှစ၍ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်မြို့ခံတစ်ဦးက “အခုက မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့နဲ့ပေါင်းနေတဲ့ မွတ်ဆလင်တွေပဲ ရှိတော့တာ။ ဒါကြောင့် သူတို့စိတ်ကြိုက် အိမ်တွေကို ဖောက်ထွင်းဖျက်ဆီးကြတယ်။ စစ်ကောင်စီကလည်း သူတို့နဲ့‌ပေါင်းတဲ့ မွတ်ဆလင်တွေကို လက်နက်ပေးထားတော့ ကျနော်တို့လို အရပ်သားတွေက စိုးရိမ်နေရတယ်” ဟု ပြောသည်။

မွတ်ဆလင်လက်နက်ကိုင် ARSA၊ ARA အဖွဲ့များက ဘူးသီးတောင်၊ မောင်တောဒေသတွင် AA ၏ ကြီးစိုးမှုကို မလိုလားသောကြောင့် စစ်ကောင်စီနှင့်ပူးပေါင်းနေခြင်းဖြစ်သည်ဟု နိုင်ငံရေးသမားများက သုံးသပ်ကြသည်။

“မွတ်ဆလင်အချို့က နိုင်ငံသားဖြစ်ဖြစ်၊ တခြားအခွင့်အရေးဖြစ်ဖြစ် စစ်ကောင်စီဆီက ရမယ့်လမ်းကိုမြင်လို့ ပူးပေါင်းကြတာဖြစ်တယ်။ AA ကတော့ တိုင်းပြည်တည်ဆောက်ဖို့ထိ မျှော်မှန်းထားတော့ ဒီကိစ္စတွေကို လူမျိုးရေးပဋိပက္ခထိမဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်နေတာတွေရှိတယ်။ သင့်မြတ်ရေးကို ဦးတည်တာပေါ့။ ဒါကြောင့် မွတ်ဆလင်အသိုင်းအဝိုင်းဖက်ကလည်း နိုင်ငံရေးအမျှော်အမြင်ရှိရှိနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ လိုအပ်မယ်” ဟု ရခိုင်နိုင်ငံရေးလေ့လာသူတစ်ဦးကပြောသည်။

ယင်းအပြင် ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့တွင် မွတ်ဆလင်များက “AA အလိုမရှိ” ဆန္ဒပြပွဲများ ပြုလုပ်နေပြီး စစ်ကောင်စီ၏ အဓမ္မဖိအားပေးမှုကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင်စတင်ခဲ့သည့် ရခိုင်စစ်ပွဲသည် လက်ရှိအချိန်ထိ ပြင်းထန်နေဆဲဖြစ်သည်။ လက်ရှိတွင် AA က မြို့နယ် (၉) ခုထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူဒေသကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...