မြန်မာ့အရေး ကြားဝင်ညှိနှိုင်းပေးမည့် ငြိမ်းချမ်းရေးအစီအစဉ် ထိုင်းအစိုးရ အဆိုပြု

မြန်မာ့အရေး ကြားဝင်ညှိနှိုင်းပေးမည့် ငြိမ်းချမ်းရေးအစီအစဉ် ထိုင်းအစိုးရ အဆိုပြု
တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်တိမ်းရှောင်ခဲ့ကြသည့် ဒုက္ခသည်များ ဧပြီလ ၂၄ ရက်နေ့က မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Maesod Radio Thailand)
တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်တိမ်းရှောင်ခဲ့ကြသည့် ဒုက္ခသည်များ ဧပြီလ ၂၄ ရက်နေ့က မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Maesod Radio Thailand)

မြန်မာ့အရေး ပြေလည်စေရေးအတွက် စစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ရာတွင် အာဆီယံအဖွဲ့ဝင် သုံးနိုင်ငံနှင့်အထက် စုစည်းပါဝင် ဆောင်ရွက်မည့် အစီအစဉ်တစ်ရပ်ကို ထိုင်းနိုင်ငံက အဆိုပြုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် ထိုင်းသည် လက်ရှိ အာဆီယံဥက္ကဌဖြစ်သည့် လာအိုနိုင်ငံနှင့် ပူးပေါင်းကာ မြန်မာ့အရေး သုံးနိုင်ငံပူးတွဲ (Troika) နှင့် သုံးနိုင်ငံ+ထပ်တိုး (Troika plus) အစည်းအဝေးများ ကျင်းပနိုင်အောင် ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ် နီကွန်ဂျက်ဘာလန်ကူရာက ဧပြီလ ၂၄ ရက်တွင် ပြောကြားသည်။

အာဆီယံသည် မြန်မာ့အရေးကို ကူညီဖြေရှင်းရန် သီးသန့်အဖွဲ့အဖြစ် ထရွိုင်ကာဟု ခေါ်ဆိုသည့် သုံးနိုင်ငံပူးတွဲကော်မတီ အစီအစဉ်ကို ချမှတ်ထားသည်။ အဆိုပါသုံးနိုင်ငံ၌ အာဆီယံ၏ ယခင်၊ လက်ရှိနှင့် နောင်လာမည့် ဥက္ကဌနိုင်ငံတို့  ပါဝင်သည်။ လက်ရှိ၌ အဆိုပါနိုင်ငံများမှာ အင်ဒိုနီးရှား၊ လာအိုနှင့် မလေးရှားတို့ အသီးသီးဖြစ်ကြသည်။

ထိုင်းက လက်ရှိ အဆိုပြုထားသည့် သုံးနိုင်ငံ+ထပ်တိုး အစီအစဉ်မှာ ဆိုခဲ့ပါ သုံးနိုင်ငံအပြင် မြန်မာ့အရေးတွင် ကူညီပံ့ပိုးရန် စိတ်ပါဝင်စားသည့် သို့မဟုတ် မြန်မာ့ပဋိပက္ခနှင့် ဆက်စပ်နေသည့် နိုင်ငံ တစ်ခုခုကိုပါ ထပ်မံဖြည့်စွက်ပြီး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် ဖြစ်သည်။

အဆိုပါပြုထားသော အစည်းအဝေးများအား ထိုင်းနိုင်ငံတွင်ပင် ကျင်းပနိုင်ခြေရှိသည်ဟု နီကွန်ဂျက်က ပြောသည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်ကောင်စီနှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများ ကြားဝင်ဆောင်ရွက်ပေးရန် အသင့်ရှိနေကြောင်းလည်း သူက ပြောကြားသည်။

လက်ရှိဖြစ်ပျက်နေသော ပဋိပက္ခသည် ထိုင်းနှင့် မြန်မာကြား ဖြစ်ပွားနေခြင်း မဟုတ်သလို ထိုင်းအနေဖြင့်လည်း တိုက်ပွဲများ၏ အကျိုးသက်ရောက်မှုကို ခံစားနေရသည့် အုပ်စုများအားလုံးအား အမျိုးသားလုံခြုံရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် လူ့အခွင့်အရေးတို့အပေါ် အခြေခံပြီး စာနာမှုအကူအညီများ ဘက်မလိုက်ဘဲ ပေးအပ်မည့် ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားဟု သူက ပြောသည်။

မြန်မာ့ပဋိပက္ခသည် မြန်မာနှင့် နယ်စပ်ချင်း ထိကပ်နေသည့် ထိုင်းနိုင်ငံသာမက နိုင်ငံတိုင်းအပေါ် သက်ရောက်မှုရှိသည်ဟုလည်း နီကွန်ဂျက်ဘာလန်ကူရာက ပြောကြားသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...