သံတွဲတွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိလာ

သံတွဲတွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိလာ

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိလာကြောင်း သံတွဲဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၂ ရက် နေ့လယ် ၁၂ နာရီခန့်တွင် သံတွဲ - တောင်ကုတ် ကားလမ်း ရွှေလှေကျေးရွာ တံတားဦးဂိတ်တွင် ခရီးသည်တင်ကားတစ်စီးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် လှမ်းပစ်ခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ သေဆုံးပြီး ခရီးသည်အမျိုးသမီးတစ်ဦးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒရိုင်ဘာတစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရသွားတယ်။ စစ်ကောင်စီဂိတ်က တပ်သားတွေ သေနတ်နဲ့လှမ်းပစ်လို့ ထိသွားတာ။  လမ်းကို ဒီနေ့ထိ ပိတ်ထားတုန်းပဲ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ သံတွဲမြို့နယ်၊ အံတော်ကျေးရွာတွင် နေထိုင်သူ “ရိုးမမဏ္ဏိုင်” ခရီးသည်ယာဥ်လိုင်းမှ ယာဥ်မောင်းကိုစိုးသူ (၃၀ နှစ်) ဖြစ်သည်။ ဒဏ်ရာရရှိသွားသည့် အမျိုးသမီးမှာ EPC ဝန်ထမ်းဖြစ်ပြီး နောက်ထပ်ဒဏ်ရာရရှိသူမှာ သုံးဘီးဆိုင်ကယ်ဖြင့် ငါးရောင်းချနေသူ ဖြစ်သည်။

ပစ်ခတ်မှုအပြီးတွင် သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူများကို အရေးပေါ်ကားများဖြင့် သံတွဲမြို့သို့ သယ်ဆောင်လာပြီး ဆေးရုံသို့ပို့ခဲ့ကြောင်း မျက်မြင်များက ပြောကြသည်။

ဧပြီလ ၂၂ ရက်က သံတွဲမြို့နယ်အတွင်း ဒေါ်မြရွာ၊ ပုရစ်ရွာ၊ ရေကောက်ရွာအနီးတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးနားက ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

စစ်ကောင်စီသည် လက်နက်အားကိုးဖြင့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စဉ်စိမ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းအပေါ် လူ့အခွင့်အရေးသမားများက ရှုတ်ချကြသည်။

“စစ်ကောင်စီအနေနဲ့ ဘာမှပြန်မလုပ်နိုင်တဲ့ အရပ်သားတွေကို အခုလိုမျိုး ရက်ရက်စက်စက် ပစ်သတ်တာကတော့ တော်တော်ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်တယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများ နေ့စဉ်ရှိနေသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...