မြေပုံမြို့နယ်ရှိ ပွိုင့် ၂၅၃ စခန်းကို AA သိမ်းပိုက်

မြေပုံမြို့နယ်ရှိ ပွိုင့် ၂၅၃ စခန်းကို AA သိမ်းပိုက်
ဓာတ်ပုံ - APM
ဓာတ်ပုံ - APM

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာ အရှေ့ဘက်ရှိ စစ်ကောင်စီ၏ ပွိုင့် ၂၅၃ စခန်းကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ခိုင်လုံသောသတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါစခန်းကို ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး  ၁၄  ရက်အကြာတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ခိုင်လုံသောသတင်းရင်းမြစ်တစ်ဦးက “အခုကတော့ တိုက်ပွဲအသံလည်း မကြားရတော့ဘူး။ စစ်ကောင်စီ တပ်သားတွေကို AA က ချေမှုန်းလိုက်တာလို့ သိရတယ်။ စခန်းကို AA က သိမ်းလိုက်ပြီ” ဟု DMG ကိုပြောသည်။

အဆိုပါစခန်းသည် စညှင်းကျေးရွာ၏ အရှေ့ဖက် တစ်မိုင်အကွာတွင်တည်ရှိပြီး စစ်ကောင်စီ ရှေ့တန်းအမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်တွင်ရှိသော နည်းဗျူဟာအမှတ် (၃) စခန်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များ စညှင်းကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲကာ နေအိမ်ပျက်စီးမှုများရှိကြောင်း သိရသည်။

“စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီး ၄ လုံး ရွာထဲကိုကျတယ်။ နေအိမ် ၂ ဆောင်ပျက်စီးပြီး ၂ ဆောင် မီးလောင်သွားတယ်။ ရွာသားတွေ ဒဏ်ရာရတာတော့ မရှိဘူး” ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ရခိုင်တစ်ပြည်လုံးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

တိုက်ပွဲ ၅ လကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

လက်ရှိတွင် တောင်ကုတ်၊ သံတွဲတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး အမ်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ကို စစ်ရေးအရှိန် တိုးမြှင့်တိုက်ခိုက်နေသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...