လွိုင်ကော်မြို့ပေါ်မှာ ပြန်လည်နေထိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီခေါ်နေ

လွိုင်ကော်မြို့ပေါ်မှာ ပြန်လည်နေထိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီခေါ်နေ

လွိုင်ကော်မြို့ပေါ်မှာ ပြန်လည်နေထိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ခေါ်နေတယ်လို့ Non-CDM ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

ပြန်လည်နေထိုင်သူတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ထောက်ပံ့ပေးမယ်ဆိုပြီး ပြောဆိုတာတွေ ရှိနေတယ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ပြန်လာနေခိုင်းတာတွေတော့ရှိတယ်။ အတင်းအကျပ် တော့မဟုတ်ဘူး။ ပြန်လာနေချင်တဲ့သူတွေ နေလို့ရတယ် ဆိုတဲ့ သဘောမျိုးပါပဲ။” လို့ သူက ပြောပါတယ်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နဲ့ ဘဏ် စတဲ့ ဝန်ထမ်းတွေကို အဓိက ခေါ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း လွိုင်ကော်မြို့မှာ တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာ၊ ရပ်ကွက် တချို့တွေမှာ ဒေသခံတွေ ပြန်လည်နေထိုင်ကြတယ်လို့ သိရပါတယ်။

ယခု ဧပြီလအတွင်းမှာတော့ ဆက်သွယ်ရေးဖုန်းလိုင်းတချို့  ပြန်လည်ရရှိနေပြီး မြို့ပေါ်ရပ်ကွက် နေရာတချို့မှာလည်း လျှပ်စစ်မီးပြန်လည်ရရှိအောင် စစ်ကောင်စီဘက်က လုပ်ဆောင်နေတာရှိတယ်လို့ လွိုင်ကော်ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့အပတ် သင်္ကြန်ကာလအတွင်း စစ်ကောင်စီက လွိုင်ကော်မြို့၊ ဌာနဆိုင်ရာရုံးတွေမှာ သင်္ကြန်ပွဲအခမ်းအနားကို အကျဉ်းချုံးကျင်းပခဲ့ပြီး နေပြည်တော်ကနေ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တချို့က လေယာဉ်နဲ့လာရောက်ခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ၁ လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း လျှပ်စစ်မီး၊ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့သလို လွိုင်ကော်ဒေသခံ ၅ သောင်းကျော်လည်း မြို့ကိုစွန့်ခွာပြီး စစ်ဘေးရှောင်ခဲ့ရတာပါ။  လတ်တလောမှာလည်း လွိုင်ကော်မြို့ပေါ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...