စစ်ရေး၊ နိုင်ငံရေးကို AA နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ပြော

စစ်ရေး၊ နိုင်ငံရေးကို AA နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ပြော
မင်းတပ် CDF တပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်က တွေ့ရစဉ်။
မင်းတပ် CDF တပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်က တွေ့ရစဉ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF (မင်းတပ်) အနေဖြင့် ရက္ခိုင့်တပ်တော်(ULA/AA)က ဆောင်ရွက်သော စစ်ရေး၊ နိုင်ငံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သည့် ULA/AA တည်ထောင်ခြင်း ၁၅ နှစ်ပြည့်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားခြင်း ဖြစ်သည်။

CDF မင်းတပ်အနေဖြင့် ရက္ခိုင့်တပ်တော်နှင့်ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးကို တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း ဆိုထားသည်။

ULA/AA ၏ စစ်ရေးရည်မှန်းချက်များ မုချအောင်မြင်မည်ကိုလည်း စိတ်ချယုံကြည်ပြီး စစ်အာဏာရှင်အပြင် မည်သည့်အာဏာရှင်ကိုမဆို အရှိန်အဟုန်မြင့် တော်လှန်နိုင်ပါစေကြောင်း ဆုတောင်းပေးထားသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် CDF မင်းတပ်ကို ရက္ခိုင့်တပ်တော်က စစ်ရေးအရကူညီမှုများ လုပ်ဆောင်နေပြီး အိမ်နီးချင်းကောင်းမိတ်ဖက်အဖွဲ့အဖြစ် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ကျရောက်သည့် CDF မင်းတပ်တည်ထောင်ခြင်း ၂ နှစ်ပြည့် တော်လှန်ရေးနေ့တွင် AA က ပြောဆိုထားသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...