စစ်ရေး၊ နိုင်ငံရေးကို AA နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ပြော

စစ်ရေး၊ နိုင်ငံရေးကို AA နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ပြော
မင်းတပ် CDF တပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်က တွေ့ရစဉ်။
မင်းတပ် CDF တပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်က တွေ့ရစဉ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF (မင်းတပ်) အနေဖြင့် ရက္ခိုင့်တပ်တော်(ULA/AA)က ဆောင်ရွက်သော စစ်ရေး၊ နိုင်ငံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သည့် ULA/AA တည်ထောင်ခြင်း ၁၅ နှစ်ပြည့်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားခြင်း ဖြစ်သည်။

CDF မင်းတပ်အနေဖြင့် ရက္ခိုင့်တပ်တော်နှင့်ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးကို တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း ဆိုထားသည်။

ULA/AA ၏ စစ်ရေးရည်မှန်းချက်များ မုချအောင်မြင်မည်ကိုလည်း စိတ်ချယုံကြည်ပြီး စစ်အာဏာရှင်အပြင် မည်သည့်အာဏာရှင်ကိုမဆို အရှိန်အဟုန်မြင့် တော်လှန်နိုင်ပါစေကြောင်း ဆုတောင်းပေးထားသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် CDF မင်းတပ်ကို ရက္ခိုင့်တပ်တော်က စစ်ရေးအရကူညီမှုများ လုပ်ဆောင်နေပြီး အိမ်နီးချင်းကောင်းမိတ်ဖက်အဖွဲ့အဖြစ် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ကျရောက်သည့် CDF မင်းတပ်တည်ထောင်ခြင်း ၂ နှစ်ပြည့် တော်လှန်ရေးနေ့တွင် AA က ပြောဆိုထားသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...