အမေရိကန် စွမ်းအင်ကုမ္ပဏီကြီး Chevron မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်းကြေညာ

အမေရိကန် စွမ်းအင်ကုမ္ပဏီကြီး Chevron မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်းကြေညာ

စွမ်းအင်ကုမ္ပဏီ Chevron သည်မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ ထွက်ခွာသွား ပြီးဖြစ်ကြောင်းကြေညာသည်။

အမေရိကန် စွမ်းအင်ကုမ္ပဏီကြီး Chevron သည်မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်းနှင့် ၄င်း၏ အစုရှယ်ယာများကို စစ်အစိုးရ၏MOGE နှင့် ထိုင်းနိုင်ငံမှPTTEP တို့ထံလွှဲပြောင်းရောင်းချခဲ့ပြီးဖြစ် ကြောင်းChevronမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတနင်္လာနေ့တွင် ပြောကြားလိုက်သည်။

Chevronသည်မြန်မာစစ်အစိုးရ၏အကြမ်းဖက်မှုနှင့်လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက် ရှုတ်ချခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံမှထွက်ခွာတော့မည်ဟု လွန်ခဲ့သော နှစ်နှစ် ကျော်ကထုတ်ပြန်ကြေညာခဲ့သည်။

"မြန်မာနိုင်ငံမှထွက်ခွာတော့မယ်လို့ လွန်ခဲ့သော နှစ်နှစ် ကျော်က ကြေညာခဲ့ပြီးနောက် ယခု ကဲ့သို့ မြန်မာနိုင်ငံ နေ ထွက်ခွာသွား တာဖြစ်ပါတယ်"ဟုChevron မှ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားသည်။

Chevron သည်၄င်း ၏ အစုရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ၏ PTT တူးဖော်ထုတ်လုပ်ရေးနှင့် စစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထံသို့ လွှဲပြောင်း ရောင်းချခဲ့သည်။

ယခုအခါ PTTEP ၏ အစု ရှယ်ယာသည် ၆၂.၉၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။

"၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းမှုအပြီး ဆက်လက်ဖြစ်ပွားနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံကနေ နှုတ်ထွက်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ အခု ထို ရည်ရွယ်ချက်ကို အကျိုး သက်ရောက် စေပါတယ်” ဟု သူက ဆက်လက် ပြောကြားခဲ့သည်။

September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...