ပအိုဝ်းပြည်သူ့စစ်က အရပ်သားတွေကို စစ်သင်တန်းခေါ်ပေး

ပအိုဝ်းပြည်သူ့စစ်က အရပ်သားတွေကို စစ်သင်တန်းခေါ်ပေး

ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃ ရက်တစ်ကြိမ် စစ်သင်တန်း ခေါ်ယူနေသည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

တောင်ကြီးမြို့နယ်၊ ၆ မိုင်အုပ်စု၊ နမ့်ဆီးနောင်လေ ကျေးရွာ (၆ မိုင် အုပ်စု)တွင် ကျေးရွာအတွင်းရှိ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများအား မတ်လ အစပိုင်းကတည်းက ဖိအားပေး စစ်ပညာ သင်ကြားခိုင်းနေခြင်း ဖြစ် သည်။

စစ်ပညာ သင်ကြားခဲ့သူ တစ်ဦးက “သူတို့က ထွေထွေထူးထူး စနစ်တကျ သင်ပေးတာတော့ မဟုတ်ပါဘူး။ သေ နတ်တောင် မကိုင်ရဘူး။ PNO က ပအိုဝ်းလူမျိုးတွေကို ဘယ်လောက်လုပ်ပေးတဲ့အကြောင်း ဟောပြောတယ်။ ကိုယ့်လူမျိုးအတွက် လက်နက်ကိုင်ကြဖို့၊ ကျူးကျော်လာရင် ပြန်တိုက်ထုတ်ဖို့ ပြောတယ်။ အဲလောက်ပါပဲ” ဟု ပြောသည်။

စစ်သင်တန်း တစ်ကြိမ်လျှင် ဘယ်နှစ်ဦးနှုန်းဖြင့် သတ်မှတ်ခြင်း မရှိဘဲ အလျဉ်းသင့်သလို ခေါ်ယူ၍ ကျေးရွာရှိ အကျုံးဝင်သည့် အမျိုးသားအားလုံး တက်ရောက်ရမည်ဟု ဆိုသည်။

စစ်သင်တန်းအား ဟိုပုံးမြို့နယ်၊ ထန်စမ်းဂူ အနီးတွင် ပြုလုပ်နေပြီး သင်တန်းအသုံးစရိတ်များအား တက်ရောက် သူများဘက်မှ အကုန်အကျခံရခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

နမ့်ဆီးနောင်လေ ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက “ရွာလူကြီးကလည်း PNO ဖိအား ပေး လို့ လုပ်နေတာပါ။ သူလည်း မလူးသာ မလွန့်သာပဲ။ ဟိုဘက်လည်း ကြောက်ရ၊ ဒီဘက်လည်း ကြောက်ရ။ နုတ် ထွက်ခွင့်လည်း မပေးဘူး” ဟု ပြောသည်။

လတ်တလောတွင် စစ်သင်တန်း တက်ရောက်ပြီးသူများအား ရှေ့တန်းပို့ဆောင်သွားမည် မဟုတ်ဘဲ ကျေးရွာ တွင်သာ အလှည့်ကျ လုံခြုံရေးအတွက် ကင်းစောင့်တာဝန်ချထားမည်ဟု ဆိုသည်။

နမ့်ဆီးနောင်လေကျေးရွာတွင် ပြီးခဲ့သည့် ၇ လခန့် ကတည်းက စစ်အသုံးစရိတ်အဖြစ် တစ်အိမ်လျှင် ၃၀,၀၀၀ ကျပ် ကောက်ခံခဲ့ပြီး နောက်ပိုင်းတ္ငင် ရွာသူကြီး၏ ညှိနှိုင်းမှုကြောင့် ၁၀,၀၀၀ ကျပ်သို့ လျှော့ချ ပေးခဲ့သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...