လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနဲ့ ဆွေးနွေးမှုတွေရှိခဲ့ကြောင်း KNPP ဆို

လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနဲ့ ဆွေးနွေးမှုတွေရှိခဲ့ကြောင်း KNPP ဆို

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက် (Derek Chollet )  နဲ့ တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအတွက် ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အတွင်းရေးမှူး ( ၁ ) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ စစ်ရေးအခြေအနေ နောက်ပြီးတော့မှ ကျနော်တို့ဒီ စစ်ရှောင်တွေရဲ့ အခြေအနေကို နောက်ပြီးတော့မှ ကျနော်တို့ ဒီစစ်ရှောင်တွေရဲ့ အခြေအနေကို သွားပြီးတော့မှ update ဆွေးနွေးတဲ့ သဘောပါပဲ။ လက်ရှိ အခြေအနေကို သွားပြီးတော့မှ တင်ပြပေးတဲ့ သဘောပါပဲ။” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို K3C အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ အတူ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ရဲ့ တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့ကြပြီး ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

“လောလောဆယ်ကတော့ ကျနော်တို့ ဘာသဘောတူညီချက်မှ အတိအကျမရှိဘူးပေါ့နော။ update လေးတွေ ပေးပြီးတော့မှ ကျနော်တို့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောလောက်ပဲပေါ့နော။ ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီးတော့ပေါ့နော။ အဲဒါလေးပါပဲ။ ကျနော်တို့ကလည်း ဒီ လူသားချင်း စာနာထောက်ထားမှု အကူအညီနဲ့ ပတ်သက်ပြီးတောာ့မှ ကျနော်တို့ရဲ့ သဘောထားပေါ့နော။ ကျနော်တို့ရဲ့ သဘောထားကို ကျနော်တို့ ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ အဲ့ဒီအပိုင်းလေး လုပ်ဆောင်သွားပေးဖို့ ဒါလေးပါပဲ။” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ဒဲရစ်ချောလက်ကလည်း သူ့ရဲ့ twitter လို့ခေါ်တဲ့ X လူမှုကွန်ယက်စာမျက်နှာမှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အကူအညီ လိုအပ်နေသူတွေကို အကူအညီတွေ ပေးအပ်မှုတိုးမြှင့်နိုင်ဖို့၊ မြန်မာပြည်သူတွေအတွက် ပိုကောင်းတဲ့အနာဂတ်ဖြစ်လာအောင် လုပ်နိုင်မယ့်ခြေလှမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ချင်းအမျိုးသားတပ်ဦး ( CNF )၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP ) ၊ ကရင်အမျိုးသားအစည်းအရုံး ( KNU )၊ ကချင်လွှတ်မြောက်ရေးတပ်မတော် ( KIA ) ၊ အမျိုးသားညီညွှတ်ရေး အစိုးရ ( NUG )  တို့ ပါဝင်တဲ့ ဘုံသဘောထားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ကြပါတယ်။

ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...
June 2, 2026
ပြီးခဲ့တဲ့ မေလ ၁လအတွင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းမှာ ရေနစ်သေဆုံးမှုအပြင်...