ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည့် မင်းပြားနှင့် မြေပုံမြို့ကို စစ်ကောင်စီ ဗုံးကြဲ

ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားသည့် မင်းပြားနှင့် မြေပုံမြို့ကို စစ်ကောင်စီ ဗုံးကြဲ

ဆရာတော်တစ်ပါးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ၊ အိမ် ၇ လုံးပျက်စီး

ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားသည့် မင်းပြားနှင့် မြေပုံမြို့နယ်များရှိ လူနေကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

မင်းပြားမြို့နယ်၊ သေကန်‌ေကျးရွာကို ယမန်နေ့ မတ်လ ၂၉ ရက်၊ ည ၁၁ နာရီမှ စပြီး ၁၀ မိနစ်ကြာ ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီတပ်က ၃ ကြိမ် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သေကန်ဒေသခံများက ပြောသည်။

ယင်းသို့ ဗုံးကြဲသည့်အတွက် ကျည်စထိမှန်က သေကန်ရွာ ဆရာတော် နှင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိပြီး ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ် ၇ လုံး ပျက်စီးသွားကြောင်း သေကန်ရွာမှ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

"အလကားနေ စိတ်ရှိချိန် လာကြဲနေသလို ဖြစ်နေပြီ။ မနေ့ကတော့ ၃ ကြိမ် ဂျက်နဲ့လာပစ်ခဲ့ပါတယ်။ ၇ လုံး ကြဲချတာ။ ‌ရွာဘုန်းကြီးကျောင်းနဲ့ အိမ်တွေမှာ ကျပြီး ပျက်စီးတယ်။ မီးလောင်တယ်။ ဆရာတော်မှာ မှန်စထိပြီး ဒဏ်ရာရပါတယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာတော့မဟုတ်ပါဘူး။ နောက်ထပ် ဦးလေးကြီး တစ်ယောက်မှာလည်း ခြေထောက်မှာ နည်းနည်း ဒဏ်ရာရပါတယ်။ အိမ်က‌တော့ ၇ လုံး ပျက်စီးသွားတယ်" ဟု ပြောသည်။

သေကန်ကျေးရွာကို ယခုတစ်ကြိမ် ဗုံးကြိမ်မှုသည် ၄ ကြိမ်မြောက်ဖြစ်ပြီး လေကြောင်း ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း နှင့် နေအိမ်ပေါင်း အနည်းဆုံး ၃၀ ကျော်ပျက်စီးခဲ့ရကြောင်း ‌ကျေးရွာသားများက ပြောသည်။

ယင်းအပြင် ယနေ့ မတ်လ ၃၀ ရက် နံနက်အစောကြီးအချိန်တွင် မြေပုံမြို့နယ်၊ စညှင်းကုန်း ကျေးရွာကိုလည်း ဂျက်ဖိုက်တစ်စီး၊ ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲခဲ့သည်။ အပျက်အစီး အထိအခိုက်ကို မသိရှိရသေးပါ။

(ဓာတ်ပုံ- ပေးပို့)

“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော
June 30, 2026
ခိုင်လူလှ (ရိုးမမြေ) — စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင်...
June 29, 2026
၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲ၏ တစ်နိုင်ငံလုံးပထမနေရာကို ရခိုင်သူမသီရိစိုး(မနတ-၆၇၀)က ၆ ဘာသာဂုဏ်ထူး (...