စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမဆို တိုက်ခိုက်သွားမည်ဟု AA ထုတ်ပြန်

စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမဆို တိုက်ခိုက်သွားမည်ဟု AA ထုတ်ပြန်

(ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်မှလွဲ၍ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမျှ မရှိစေရဟုဆို)

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်း၊မည်သူ့ကို မဆို စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဟု မတ်လ ၂၅ ရက်နေ့ ရက္ခိုင့်တပ်တော်၏ ထုတ်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် "ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့သည် လက်ရှိအချိန်တွင် ပြင်းထန်သော တိုက်ပွဲများဆက်လက်ရှိနေသောကြောင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဖြစ်သည်" ဟု ဖော်ပြထားသည်။

ယင်အပြင် ယခင်ရပ်တည်ချက်တစ်ခုဖြစ်သော “အာရက္ခဒေသအတွင်းတွင် ရက္ခိုင့်တပ်တော်မှလွဲ၍ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမျှ မရှိစေရ” မူအတိုင်း ရှိနေမည်ဟု ရေးသားဖော်ပြထားပါသည်။

လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်၍ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင် တိုက်လျက်ရှိသည်။

ရက္ခိုင်ဒေသအတွင်းမှ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော လက်ကျန် စခန်းများ အားလုံးကို ရက္ခိုင့်တပ်တော်မှ ထပ်မံသိမ်းပိုက်ရရှိရေးအတွက် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်က ဆိုပါသည်။

ရခိုင်တိုက်ပွဲ ၄ လကျော် ကာလအတွင်း ရက္ခိုင့်တပ်တော်သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်တောင်ပိုင်းမှ ရမ်းဗြဲမြို့အပါအဝင် မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးလည်းဖြစ်သည်။

ထုတ်ပြန်ချက်အပြည့်အစုံကို အောက်ဖော်ပြ ထုတ်ပြန်ချက်တွင် ဖတ်ရှုနိုင်ပါသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...