တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဟုတ်လျှင်လည်း ရသလောက်နယ်မြေတွင် တတ်နိုင်သလောက် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြောကြား

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဟုတ်လျှင်လည်း ရသလောက်နယ်မြေတွင် တတ်နိုင်သလောက် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြောကြား

မြန်မာစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဟုတ်လျှင်လည်း ရသလောက်နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်ဟု ရုရှား TASS သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားခဲ့သည်ဟု ရိုက်တာက သတင်းဖော်ပြသည်။

" နိုင်ငံအခြေအနေဟာ ငြိမ်းချမ်းပြီး တည်ငြိမ်နေမယ်ဆိုရင် ဥပဒေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ရင်တောင် ရသလောက်နယ်မြေမှာ တတ်နိုင်သလောက် ရွေးကောက်ပွဲ ကျင်းပဖို့ ကျွန်တော်တို့ အစီအစဉ်ရှိပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း ရုရှား တာ့စ်သတင်းဌာန၏ တွေ့ဆုံမေးမြန်းခန်းကို ကိုးကား၍ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်များသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းချိန်မှစ၍ ဒီမိုကရေစီ လိုလားသော လူငယ်များဦးဆောင်သည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့၏ စိန်ခေါ်မှုနှင့် အကြီးမားဆုံးရင်ဆိုင်နေရသည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော လူငယ်များကို ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက်ပိုင်း လူငယ်များသည် စစ်တပ်ကို လက်နက်ကိုင်လှုပ်ရှားဖြင့် ပြန်လည်တော်လှန်ရန် ရွေးချယ်ခဲ့ကြသည်။

မြန်မာစစ်ကောင်စီသည် နိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်နေခဲ့ပြီး အဆိုပါဒေသတွင် စနစ်တကျ အစုအပြုံလိုက်သတ်ဖြတ်မှုများကို ကျူးလွန်နေခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတည်ငြိမ်ရေး နှင့် ၎င်းကို ဆန့်ကျင်နေသည့် တော်လှန်ရေးအဖွဲများကို ချေမှုန်းရန်အကြောင်းပြချက်ဖြင့် အရေးပေါ်ပြဌာန်းချက်ဥပဒေကို ခြောက်လတစ်ကြိမ် ထပ်ခါထပ်ခါ သက်တမ်းတိုး၍ အာဏာကို ဆက်လက်ရယူထားခဲ့သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းလုံးတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်နေရပြီး နယ်မြေအချို့ လက်လွှတ်ဆုံးရှုံးနေရကာ အဆိုပါဒေသများကို လက်နက်ကြီးများ၊ လေကြောင်းစစ်ကူများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေရသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မတည်ငြိမ်မှုကြောင့် နိုင်ငံတစ်ဝန်းတွင် နေရပ်စွန့်ခွါထွက်ပြေးနေရသူ ၂ ဒသမ ၃ သန်းရှိသွားပြီဟု သိရှိရသည်။

ဝေဖန်သုံးသပ်သူများနှင့် အနောက်နိုင်ငံများက စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲတစ်ခုသာဖြစ်သည်ဟု ဆိုသည်။

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...