ချင်းလဲန်းဖွဲ့စည်းပုံအရ ချင်းအမျိုးသားတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်ဖယ်ရှားမည်ဟု CNF ဆို

ချင်းလဲန်းဖွဲ့စည်းပုံအရ ချင်းအမျိုးသားတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်ဖယ်ရှားမည်ဟု CNF ဆို

ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းအမျိုးသားနှင့် ချင်းလဲန်းကိုတည်ဆောက်နေသည့်အချိန်တွင် ဟန့်တားနှောင့်ယှက်သည့် လုပ်ရပ်မှန်သမျှ ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။

လာမည့် မတ်လ ၂၀ ရက်တွင် ကျရောက်မည့် ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ကြိုတင်ထုတ်ပြန်ချက်ကို ယနေ့ မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ရာမှာ ချင်းအမျိုးသားတပ်ဦး CNF က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်များဖြင့် ချင်းအမျိုးသားနှင့် ချင်းလဲန်းကို တည်ဆောက်နေချိန်မှာ မဏ္ဍိုင်အသီးသီး၏ လုပ်ငန်းယန္တယားများအပေါ် ဟန့်တားနှောက်ယှက်သည့်လုပ်ရပ်မှန်သမျှကို  ချင်း ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်’’ ဟု ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော် နိုင်ငံရေး ရပ်တည်ချက် တူညီသော နိုင်ငံ၊ အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း CNF က ဆိုသည်။

နွေဦးတော်လှန်ရေးတွင် စစ်ရေး နှင့် နိုင်ငံရေးအကြပ်အတည်းများရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်မှုမထမ်းမနေရဥပဒေ ကို အသက်ပြန်သွင်းပြီး စတင်အကောင်အထည်ဖော်ဆောင်လာပြီဖြစ်သောကြောင့် ယင်းဥပဒေနှင့်အကျုံး၀◌င်သူများအနေဖြင့် ၎င်းတို့ထံအချိန်မှီ ပူးပေါင်းပါ၀◌င်လာကြရန်လည်း CNF တိုက်တွန်းတောင်းဆိုထားသည်။

ထို့အပြင် ချင်းလဲန်းနှင့် တဖက်မီဇိုရမ်ပြည်နယ်များတွင် မူးယစ်ဆေးဝါးများ မှောင်ခိုရောင်းဝယ်ဖောက်ကား မှုများကို အဖွဲ့ အစည်းအသီးသီးနှင့် ပူးပေါင်းပြီး ထိရောက်စွာ အရေးယူတိုက်ဖျက်သွားမည်ဖြစ်ကြောင်း CNF က ထုတ်ပြန်သည်။

မတ်လ ၂၀ ရက်သည် အာဏာရှင်စနစ်မှန်သမျှအမြစ်ပြတ်ချေမှုန်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းလဲန်း တည် ဆောက်ရေး၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက် ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF/CNA ကိုစတင်ဖွဲ့စည်းခဲ့သောနေ့ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး CNF/CNA စတင်ဖွဲ့စည်းသော မတ်လ ၂၀ ရက်နေ့ကို ချင်းတော်လှန်ရေးနေ့အဖြစ်သတ်မှတ်ပြီး  ယခုနှစ်တွင် ၃၆ နှစ်ပြည့်မြောက်လာခဲ့ပြီဖြစ်သည်။

တော်လှန်ရေးကာလတွင် အသက်ပေးလှူသွားကြသည့် အာဇာနည်းများ၊ ကိုယ်အင်္ဂါတစိတ်တပိုင်း ပေးလှူသွားကြသည့် သူရဲ ကောင်းများကို ဦးညွတ်ဂါဝရပြုပါကြောင်း၊  အလားတူ ချင်းပြည်သူများ၏ စွန့်လွှတ် အနစ်နာခံမှု ၊ ပေးဆပ်မှုများအပေါ်  ဂုဏ်ယူလေးစားကြောင်း CNF က ထုတ်ပြန်သည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...