ကျိုက်ဒုံစခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူးအပါအဝင် (၆၆) ဦး‌လက်နက်ချ၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

ကျိုက်ဒုံစခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူးအပါအဝင် (၆၆) ဦး‌လက်နက်ချ၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ
Photo: KNLA
Photo: KNLA

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ်‌ တောင်ပိုင်းရှိ ကျိုက်ဒုံစစ်‌ကောင်စီဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူးအပါအဝင် စုစုပေါင်း (၆၆) ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း စစ်မြေပြင် သတင်းအရင်း အမြစ်ထံမှ သိရသည်။

ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ (၆) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေ ၄ ခန့်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ လက်နက်ချအညံ့ခံသည့် ၆၆ ဦးထဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး၊ စစ်ဦးစီး ဒုတိယတန်း -G2 ၊ စစ်ဦးစီးတတိယ တန်း G3တို့ အပါအဝင် အရာရှိ စုစုပေါင်း ၁၂ ဦးပါရှိသည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

အမည်မဖော်လိုသူ စစ်မြေပြင် သတင်းအရင်းအမြစ်က "ကျနော်တို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းမိတာကအား လုံး ၆၆ ယောက်ရှိတယ်။ အဲ့ဒီအထဲမှာ ဗျူဟာမှူး၊ G2၊ G3 လည်းပါတယ်။ ဆက်သွယ်ရေး တာဝန်ခံ၊‌ ဆေးတပ် ဗိုလ်ကြီးတို့လည်းပါတယ်"ဟု ကေအိုင်စီသို့ အတည်ပြုပြောသည်။

၎င်းအပြင် 120 MM အမြှောက်အပါအဝင် လက်နက်ပေါင်း ၁၀၀ ကျော်နှင့် ခဲယမ်းမီး ကျောက်အများအပြား သိမ်းဆည်းရမိသည်ဟုလည်း ထိုမြေပြင်သတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ၁၄ ဦးသေဆုံးပြီး ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးအပါအဝင် အရှင်ဖမ်းမိသည့် စစ်သုံ့ပန်းများကို လက်ရှိတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု KNLA သတင်းအရင်းအမြစ်က ပြောသည်။

"ဖမ်းမိထားတဲ့စစ်သုံ့ပန်း ၆၆ ယောက်လုံးကို ကျနော်တို့ရဲဘော် ဘာမှမလုပ်ထားဘူး။ လွတ်လွတ်လပ်လပ်‌ ကောင်းကောင်းမွန်မွန်ပဲထားတယ်။ သူတို့လက်နက်‌တွေတော့ ယူထားတယ်။ ကျန်တာတော့လူကြီးတွေ ပဲစီ စဉ်ပြီးလုပ်မယ်" ဟု အမည်မဖော်လိုသူ KNLA အရာရှိတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကျိုက်ဒုံဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA)တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရသည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...