ပြည်သူ့စစ်မလုပ်လိုသော ဆီဆိုင် ဒေသခံများ တိမ်းရှောင်

ပြည်သူ့စစ်မလုပ်လိုသော ဆီဆိုင် ဒေသခံများ တိမ်းရှောင်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းပြည်သူ့ စစ်အဖွဲ့ (PNA) က တပ်သားသစ် အဓမ္မ စုဆောင်းနေသည်ဟု အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူများက ပြောသည်။

ဆိုက်ခေါင်မြို့တွင်ရပ်ကွက်အသီးသီးမှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူစည်းဝေးပြီးနောက် စည်းဝေးဆုံးဖြတ်ပြီး  တစ်အိမ် လျှင် အသက် ၁၈ နှစ် မှ အသက် ၄၀ အတွင်း အမျိုးသားတစ်ဦးစီ PNA တပ်သို့ ဝင်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

ဆိုက်ခေါင်မြို့နေ အသက် ၄၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးက “အိမ်က သား ၃ ယောက်ရှိတာ။ တစ်ယောက် ပေးရမယ်လို့ ပြောတယ်။ အရင်လို ပိုက်ဆံ ပေးတာနဲ့ မရတော့ဘူး။ သူတို့က ပေးဆို ပေးမှရတာ။ PNO က ပြောတဲ့အတိုင်း လုပ်တတ်တယ်” ဟု ပြောသည်။

PNA အဖွဲ့က ဖေဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဆိုက်ခေါင်မြို့အတွင်းရှိ ရပ်ကွက်အသီးသီးက အုပ်ချုပ် ရေးမှူးများ၊ တာဝန်ရှိသူများကို ခေါ်ယူစည်းဝေးပြီးနောက် အိမ်တစ်အိမ်မှ အမျိုးသားတစ်ဦးစီ တပ်ထဲသို့ ဝင်ရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

PNA မှ စစ်မှုထမ်းရန် ဆင့်ခေါ်သည့် ရက်အား ပြန်လည် အသိပေးသွားမည် ဖြစ်ရာ တပ်သားသစ် မပေးနိုင်သည့် နေအိမ်များအား မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူ အချို့က ပြော သည်။

ခေါ်ယူမည့် တပ်သားသစ်များအား ဆီဆိုင်တိုက်ပွဲ ဆင်နွှဲရန် ရှေ့တန်းပို့ဆောင်သွားမည် ဖြစ်ပြီး အချို့ကို ဆိုက် ခေါင်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေး ခန့်ထားမည်ဟု ဆိုကြသည်။

ဆိုက်ခေါင်မြို့နေ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက “တော်တော်များများက ရှောင်ကြပြီ။ ရှောင်ဖို့က လည်း တော်တော် စဉ်းစားရတယ်။ ကိုယ်မရှိရင် မိသားစုဝင်တွေကို ဖမ်းမယ်ဆို သွားပြီလေ။ အဲလိုတော့ မကြုံ ဖူးသေးပေမယ့် ပြောမရဘူးပေါ့။ PNO နဲ့ စကစ (စစ်ကောင်စီ) က အတူတူပဲလေ” ဟု ပြောသည်။

လတ်တလောတွင် ဆိုင်ခေါင်မြို့နေ လူငယ်များ အနေဖြင့် နီးစပ်ရာမြို့များနှင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေကြပြီး အချို့သော ပအိုဝ်းလူငယ်များမှာမူ စစ်မှုထမ်းရန် စာရင်းပေးထားသည့် ဟု ဒေသခံများက ပြောသည်။

ဆီဆိုင်တိုက်ပွဲ စတင်သည့် ဇန္နဝါရီလ ၂၃ ရက်နေ့မှစတင်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများနှင့် PNA အာဏာသက်ရောက်သည့် ဒေသများတွင် တပ်သားသစ် အဓမ္မ စုဆောင်းမှုများ ရှိနေသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) တွင် ပြည် သူ့စစ်များအား လက်နက် တပ်ဆင်ပေးခဲ့သေးသည်။

May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...