ဖရူဆိုမြို့မှာ ကျေးရွာအနီးအနား တောမီးလောင်နေတာကြောင့် ဒေသခံများ စိုးရိမ်

ဖရူဆိုမြို့မှာ ကျေးရွာအနီးအနား တောမီးလောင်နေတာကြောင့် ဒေသခံများ စိုးရိမ်

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းက ကျေးရွာလေးရွာ အနီးအနားမှာ ဖေဖော်ဝါရီလဒုတိယပတ်ကစပြီး တောမီး ရက်ဆက်လောင်နေတာကြောင့် ကျေးရွာအတွင်း မီးကူးစက်မှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့တွင်းနဲ့ မြို့ပတ်လမ်းအနီးအပါအဝင် ကျေးရွာတချို့တွေမှာ  စစ်ကောင်စီတပ်စွဲနေရာယူထားပြီး မြေမြှုပ်မိုင်းထောင်ထားခဲ့တာကြောင့် ကျေးရွာဒေသခံတွေဟာ သန့်ရှင်းရေးပြန်မလုပ်နိုင်ကြတာဖြစ်ပါတယ်။

ဒေသခံတွေဟာ နေရပ်မပြန်နိုင်တာ ၂နှစ်ကျော်ရှိနေပြီး တောမီး၊ ရှို့မီးတွေကတဆင့် ကျန်ခဲ့တဲ့နေအိမ်တွေ မီးလောင်သွားမှာကို စိုးရိမ်နေကြတာပါ။

ဖရူဆိုက ကျေးရွာတချိုမှာတော့ "သတ်မှတ်ဧရိယာအတွင်း မီးသတိပြုဖို့ ၊ မီး အန္တာရာယ် ကာကွယ်တားဆီးနိုင်ဖို့၊ တောမီးမရှို့ဖို့” လိုက်လံတားမြစ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖရူဆို၊ မြန်မာ့ဆက်သွယ်ရေးရုံး အနီးမှာ တောမီးလောင်ရာကနေ လူနေအိမ် တချို့ မီးလောင်သွားတာ ရှိခဲ့ဖူးပါတယ်။ နှစ်စဉ် ဖရူဆိုမြို့နယ်အတွင်းမှာ တောမီးလောင်မှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...