ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်း AA တိုက်ခိုက်

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်း AA တိုက်ခိုက်

ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA)မှ  ယနေ့ နံနက်က စတင် ဝင်ရောက် တိုက်ခိုက်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်နေသည်ဟု သိရသည်။

ဒေသခံ တစ်ဦးက "ဒီ‌နေ့ မနက်  ၇ နာရီခွဲကနေ ကိုးတန်ကောက်တပ်ကို ကိုယ့်တပ်တော်က တိုက်နေတယ်။ အခုလက်ရှိ ၁၁ နာရီ အထိပဲ”  ဟု ပြောသည်။

၎င်းပြင် ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိသည်ဟု သိရသည်။

" ဒီနေ့ တစ်မနက်လုံး မြို့ပေါ်တပ်ရင်းတွေက လက်နက်ကြီးကျည်တွေနဲ့ပစ်နေတာ။ တိုက်ပွဲဖြစ်နေတဲ့ အဲ့ဒီဖက်ကို။ မနက် ၁၁ နာရီလောက်မှာတော့ လေယာဉ်နဲ့  ဗုံးလာကြဲတယ်" ဟု ပြောသည်။

ကိုးတန်ကောက်နယ်ခြားစောင့်စခန်းသည် အငူမော်- မောင်တောကားလမ်းဘေးတွင်တည်ရှိပြီး  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ရက္ခိုင့်တပ်တော်က စတင်တိုက်ခိုက်ခဲ့သည့် ဒုံးပိုက်နှင့် ချိန်ခါလီ အနီးတွင် တည်ရှိသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...