ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်း AA တိုက်ခိုက်

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်း AA တိုက်ခိုက်

ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA)မှ  ယနေ့ နံနက်က စတင် ဝင်ရောက် တိုက်ခိုက်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်နေသည်ဟု သိရသည်။

ဒေသခံ တစ်ဦးက "ဒီ‌နေ့ မနက်  ၇ နာရီခွဲကနေ ကိုးတန်ကောက်တပ်ကို ကိုယ့်တပ်တော်က တိုက်နေတယ်။ အခုလက်ရှိ ၁၁ နာရီ အထိပဲ”  ဟု ပြောသည်။

၎င်းပြင် ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိသည်ဟု သိရသည်။

" ဒီနေ့ တစ်မနက်လုံး မြို့ပေါ်တပ်ရင်းတွေက လက်နက်ကြီးကျည်တွေနဲ့ပစ်နေတာ။ တိုက်ပွဲဖြစ်နေတဲ့ အဲ့ဒီဖက်ကို။ မနက် ၁၁ နာရီလောက်မှာတော့ လေယာဉ်နဲ့  ဗုံးလာကြဲတယ်" ဟု ပြောသည်။

ကိုးတန်ကောက်နယ်ခြားစောင့်စခန်းသည် အငူမော်- မောင်တောကားလမ်းဘေးတွင်တည်ရှိပြီး  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ရက္ခိုင့်တပ်တော်က စတင်တိုက်ခိုက်ခဲ့သည့် ဒုံးပိုက်နှင့် ချိန်ခါလီ အနီးတွင် တည်ရှိသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...