ရှားတောမြို့ကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဒေသခံနေအိမ် ၄၀ကျော် မီးလောင်ပျက်စီး

ရှားတောမြို့ကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဒေသခံနေအိမ် ၄၀ကျော် မီးလောင်ပျက်စီး

ကရင်နီပြည်၊ ရှားတောမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

စစ်ကောင်စီက လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်မှုအပြင် မီးလောင်ဗုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီစစ်ကောင်စီ ဗုံးကြဲလို့ အများအားဖြင့် မီးလောင်သွားတာများတာပေါ့နော်။ လက်နက်ကြီးထက်စာရင် ကျနော်တို့သိသလောက် ဗုံးကြဲတိုက်ခိုက်တာတွေကနေ မီးပိုလောင်တယ်လို့ သိရတာပေါ့နော်။ ဗုံးလဲ တော်တော်လာကြဲသွားတာပေါ့။ မီးလောင်ဗုံးလဲ ပါတယ်လို့ ပြောတာပေါ့” လို့ ဦးဗညားက ပြောပါတယ်။

ရှားတောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ မြို့ပေါ် ရပ်ကွက်တွေမှာ နေအိမ်ပျက်စီးမှု ပိုများတယ်လို့ ဆိုပါတယ်။

“ရှားတော မြို့ပေါ် အခုက ရှမ်းပိုင်းဈေးပိုင်းပေါ့နော် အဲ့ဘက်တစ်ခွင် တောက်လျှောက်က သစ်သားအိမ်ပဲပေါ့။ ရှေးဟောင်းသစ်သားအိမ်တွေများတော့ ပူလဲပူတယ်ဆိုတော့ သေချာတာတစ်ခုက လက်နက်ကြီးကတော့ ဒီလေယာဉ် ကြဲတဲ့ဟာတော့ အပူဒဏ် တအားပြင်းတာပေါ့နော။ အဲ့ကြောင့်မို့ မီးလောင်တာပဲ ဒီဟာကတော့ ပြေးလို့ မလွတ်ဘူးပေါ့နော် ဒါက လက်နက်ကြီးသဘောသဘာဝနဲ့ ရာသီဥတုနဲ့ သစ်သား သဘောသဘာဝပေါ့နော်” လို့ ဦးဗညားက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ရှားတောမြို့ကို လေယာဉ်ဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှု မကြာခဏ လုပ်ဆောင်နေတာကြောင့် ပျက်စီးမှုများပြားနေတယ်လို့ သိရပါတယ်။

ရှားတောမြို့ ဒေသခံတွေဟာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလကတည်းက တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်)

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...