စစ်ကောင်စီနဲ့ KIA တို့ကြားတိုက်ပွဲကြောင့် ဖားကန့်မြို့နယ် ဝှေခါကျေးရွာဒေသခံအားလုံး တိမ်းရှောင်နေရ

စစ်ကောင်စီနဲ့ KIA တို့ကြားတိုက်ပွဲကြောင့် ဖားကန့်မြို့နယ် ဝှေခါကျေးရွာဒေသခံအားလုံး တိမ်းရှောင်နေရ

- ကချင်ပြည် ဖားကန့်မြို့နယ် ဝှေခါကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒေသခံပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

- ကချင်ပြည် ဝိုင်းမော်မြို့နယ်မှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က လီဆူလူမျိုး ပြည်သူ့စစ်လုပ်ရမယ့်သူ နေအိမ်မှာမရှိရင် နေအိမ်မှာရှိတဲ့မိသားစုဝင်တွေကို ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်-ပန်ဆိုင်းအနီးက ကောင်းခါးကျေးရွာမှာ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ကချင်ဆရာမ ၂ ဦးရဲ့ အမှုမှန် မပေါ်ပေါက်ဘဲ ရပ်တန့်နေတာ ၉ နှစ်ပြည့်ပြီဖြစ်ပြီး မိသားစုဝင်တွေက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တရားမျှတမှု ရရှိလာမယ်လို့ မျှော်လင့်ထားကြပါတယ်။

May 6, 2026
- KNPBC အဖွဲ့ဟာ တရားဝင်အတည်ပြုဖွဲ့စည်းလိုက်တာမျိုး မဟုတ်သေးဘူးလို့ ဦးဆောင်ပါဝင်သူတွေက...
May 5, 2026
- လေတပ်စခန်း ၄ ခုကို အသုံးပြုပြီး စစ်အုပ်စုက ရခိုင်ဒေသကို အထူးလေကြောင်းစစ်ဆင်ရေး တစ်ရပ်အနေနဲ့...
May 5, 2026
- တရုတ်နိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်မဲ့ လူငယ်တွေ နယ်စပ်ဖြတ်ကျော်ခွင့်...
May 4, 2026
- ဖလမ်းသိမ်းပြီးနောက် ချင်းတောင်ပိုင်းကို စစ်တပ်က ထိုးစစ် အရှိန်မြှင့်လိုက်ပါတယ်။  -...