မွန်ပြည်နယ်တောင်ပိုင်းဒေသ စစ်ရေးအရှိန်မြှင့်မှာဖြစ်လို့ အသွားအလာသတိထားကြဖို့ တိုက်တွန်း

မွန်ပြည်နယ်တောင်ပိုင်းဒေသ စစ်ရေးအရှိန်မြှင့်မှာဖြစ်လို့ အသွားအလာသတိထားကြဖို့ တိုက်တွန်း
ဓာတ်ပုံ- CJ
ဓာတ်ပုံ- CJ

မွန်ပြည်နယ်တောင်ပိုင်းဒေသမှာ မကြာမီကာလအတွင်း စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာသတိထားကြဖို့ ဒေသအခြေစိုက်တော်လှန်ရေးအင် အားစုတွေက တိုက်တွန်းလိုက်ပါတယ်။

မွန်ပြည်နယ်တောင်ပိုင်း ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေဟာ ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်သွားမှာဖြစ်ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ အသိပေးကြေညာထားပါတယ်။

အဲဒီကြေညာချက်နဲ့အတူ မကြာမီကာလအတွင်း မွန်ပြည်နယ်ရဲ့ ရေး၊ သံဖြူဇရပ်နဲ့ မုဒုံအပါအဝင် မော်လမြိုင်မြို့ နယ်တို့မှာလည်း စစ်ရေးအရှိန်မြှင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ တော် လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြောဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ ၂၀၂၄ ခုနှစ်အတွင်း တော် လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဟန်ချက်စစ်ဆင်ရေးတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်လာမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေအနီးအ နား သွားလာနေထိုင်တာတွေ မလုပ်ဖို့၊ မလိုအပ်ဘဲ ခရီးသွားလာတာတွေမလုပ်ဖို့၊ မဖြစ်မနေ သွား လာနေထိုင်ရပါကလည်း စစ်ရေးသတင်းနားထောင်ဖို့နဲ့ ဗုံးခိုးကျင်းတွေ တူးဖော်ထားကြဖို့ တိုက် တွန်းတာပါ။

ရေးမြို့နယ်တောင်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ့ကလည်း အခုရက်ပိုင်းအတွင်း ဒေ သခံပြည်သူတွေအနေနဲ့ အသွားအလာသတိပြုကြဖို့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ သတိပေးကြေညာ ချက် ထုတ်ပြန်ထားပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ရေးမြို့နယ်ကျောင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ (၅၉၁) တပ်ကို လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးအရှိန်မြှင့်မယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီတပ်ကလည်း ခံစစ်အတွက်ပြင်ဆင်တာ၊ ကင်းပုန်းဝပ်တာ၊ လုံခြုံရေးတိုးမြှင့်တာနဲ့ တပ်တွင်းမှာ စစ် ဆင်ရေးတွေအတွက် တော်လှန့်ထားတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

မွန်ပြည်နယ်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားထားပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Most read this week

December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...