ရှမ်း-ကယားနယ်စပ်က တော်လှန်ရေးတပ်တွေ ရိက္ခာအခက်အခဲရှိလာ

ရှမ်း-ကယားနယ်စပ်က တော်လှန်ရေးတပ်တွေ ရိက္ခာအခက်အခဲရှိလာ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ကရင်နီပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေဟာ စစ်ရေးအသုံးစရိတ်ကြီးမြင့်လာမှုနဲ့အတူ ရိက္ခာအခက်အခဲတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်စပြီး စစ်ကောင်စီတပ်ကို ပြင်း ထန်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို စစ်ရေးအရှိန်မြှင့်တင်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာရောက်နေတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အနည်းဆုံး ဆန်အိတ် ၂၀၀ ကနေ ၃၀၀ လောက်အထိ လိုအပ်နေတယ်လို့ မြေပြင်တော်လှန်ရေးသ တင်းအရင်းအမြစ်တွေထံက သိရပါတယ်။

ကာလပေါက်ဈေးအရ တစ်နာရီကြာတိုက်ပွဲအတွက် ကျည်ဆန်ကုန်ကျစရိတ်ဟာ မြန်မာကျပ်ငွေ သိန်းရာဂဏန်းအထိ ကုန်ကျတယ်လို့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။

တိုက်ပွဲအတွက် လက်နက်ခဲယမ်းအသုံးစရိတ် ပိုမိုသုံးစွဲနေရတာကြောင့် နောက်ပိုင်းမှာ ရဲဘော်တွေအတွက် ရိက္ခာအခက်အခဲဖြစ်လာတာလို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတာဝန်ခံတစ်ဦးက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

"အခုပိုပြီး အခက်အခဲဖြစ်လာတဲ့အချက်က ရိက္ခာအခန်းကဏ္ဍပေါ့။ ရိက္ခာဆိုတဲ့အပိုင်းမှာ အခုကျွန် တော်တို့ တပ်ရင်းတပ်ဖွဲ့တွေမှာ ဆိုရင်ပိုပြီးမှအားစိုက်တာက ခဲယမ်းပိုင်းပေါ့နော်။ လက်နက်သိပ်ပြီးတော့ အခက်အခဲ မရှိတော့ဘူးဆိုပေမယ့် ခဲယမ်းပိုင်းကို အရမ်းပြင်ဆင်ရမှာစိုးလို့ ကမ်ပိန်းတွေက ရတာတွေအကုန် ခဲယမ်းဆီပဲစီးဆင်းဖို့ အကုန်လုံးသဘောတူညီထားမှုတွေ လည်းရှိနေတယ်။ အဲဒီတော့အခုရိက္ခာပိုင်းမှာ အနုတ်လက္ခဏာပြနေတယ်”လို့ သူက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက ကရင်နီပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီတပ်ဂိတ်တွေက တားဆီးတာတွေလည်း ရှိနေတာပါ။

လက်ရှိအချိန်ထိ ရှမ်းကယားနယ်စပ်မှာ တိုက်ပွဲငယ်တွေရှိနေပြီး မကြာခင်ကာလအတွင်းမှာလည်း ပြင်းထန်တဲ့တိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ ကရင်နီတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက ဆိုထားပါတယ်။

တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ၂ လနီးပါးအတွင်း ရှမ်း-ကယားနယ်စပ်ဒေသမှာရှိတဲ့ မိုးဗြဲနဲ့ ဖယ်ခုံဒေသရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

Most read this week

December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...