တနှစ်အတွင်း အမျိုးသမီးအပေါ် အကြမ်းဖက်မှုပေါင်း ၆၀ ကျော်ကို KNWO ကိုင်တွယ်ခဲ့

တနှစ်အတွင်း အမျိုးသမီးအပေါ် အကြမ်းဖက်မှုပေါင်း ၆၀ ကျော်ကို KNWO ကိုင်တွယ်ခဲ့

ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် တနှစ်အတွင်း ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) ထံ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တိုင်ကြားလာတဲ့အမှုပေါင်း ၆၀ ကျော်ကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်လို့ KNWO အတွင်းရေးမှူး -၂ မော်ဖရေမြာ က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျမတို့ အမှုပြန်ချုပ်ရင် အများဆုံးက ၆၀ကျော်လောက် အမှုကိုင်တွယ်ရတယ်ပေါ့နော်။ အခုကရင်နီပြည် အနေအထားနဲ့ဆိုရင်  Safe House က ကျမတို့ KNWO မှာ ရှိတယ်ပေါ့။ အခြားအမျိုးသမီး အဖွဲ့အစည်းတွေမှာလည်း ဒီ GBVနဲ့ ပတ်သက်တဲ့ Service ပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိသေးတယ်။ တချို့မြို့နယ်တွေဆို တဆယ် နီးပါး တက်လာတာရှိတယ်။ တချို့လတွေဆို အနည်းဆုံး ၅ / ၆ Case  တက်လာတာ အဲ့လိုပုံစံမျိုးတော့ လာတာရှိတာပေါ့နော်” လို့ KNWO ရဲ့ အတွင်းရေးမှူး -၂ မော်ဖရေမြာ က ပြောပါတယ်။

လာရောက်တိုင်ကြားတဲ့အမှုတွေထဲမှာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အများဆုံးဖြစ်ပြီး၊ ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာက ဒုတိယအများဆုံးဖြစ်တယ်လို့ မော်ဖရေမြာက ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်ခံရမှု အများဆုံးဖြစ်ပွားခဲ့ပြီး လွိုင်ကော်၊ ရှားတော၊ မိုးဗြဲ၊ ဖယ်ခုံ စတဲ့မြို့နယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

KNWO အနေနဲ့ တိုင်ကြားလာတဲ့အမှုတွေကို ဖြေရှင်းပိုင်ခွင့်မရှိပေမဲ့၊ လာရောက်တိုင်ကြားသူတွေရဲ့ တောင်းဆိုမှုအရ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ပေးခဲ့တယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။

“ဥပမာ စစ်ရှောင်စခန်းမှာနေတယ်ဆိုရင် စစ်ရှောင်စခန်းကော်မတီနဲ့ ကျမတို့ ညှိနှိုင်းပြီးမှ ကြားဝင် ဖျန်ဖြေပေးတာမျိုးတွေရှိတယ်။ ဒါကတော့ ဓလေ့ထုံးတမ်း၊ ရွာတရွာမှာကျင့်သုံးတဲ့ ဓလေ့ထုံးတမ်းထက် ပိုသွားတာများတယ်ပေါ့နော်။ တချို့ နေရာကျတော့ ဥပမာ KSP (ကရင်နီပြည်ရဲဌာန) တို့ရှိတယ်။ ERO(တိုင်းရင်းသားတော်လှန်ရေးအဖွဲ့)လိုမျိုး တချို့ တရားသူကြီးရှိတဲ့နေရာမျိုးဆိုရင်တော့ သူတို့ ဥပဒေအတိုင်းကျင့်သုံးပြီးတော့ ဒီအမှုကို စီရင်လိုက်တာမျိုးတွေရှိတာပေါ့နော်” လို့ မော်ဖရေမြာက ဆိုပါတယ်။

KNWO အနေနဲ့ နှစ်စဥ်အမှုပေါင်း ၆၀ကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး၊ အဆိုပါ အမှုတွေရဲ့ထက်ဝက်ကျော်ကို ကူညီဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။

April 21, 2026
ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၂) မှာ ဧပြီ ၁၉ ရက်နေ့မှာ နေအိမ် ၄ လုံး...
April 20, 2026
ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းအချိန် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက...
ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...