လွိုင်ကော်မြို့ပေါ်မှာ ၉ ရက်အတွင်း စစ်ကောင်စီ‌ လေ‌ကြောင်းပစ်ခတ်မှု အကြိမ် ၁၀၀ ကျော်ပြုလုပ်ခဲ့

လွိုင်ကော်မြို့ပေါ်မှာ ၉ ရက်အတွင်း စစ်ကောင်စီ‌ လေ‌ကြောင်းပစ်ခတ်မှု အကြိမ် ၁၀၀ ကျော်ပြုလုပ်ခဲ့

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၉ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၁၀ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကရင်နီတပ်မတော် ( KA ) ထံကနေ သိရပါတယ်။

တာဝေးပစ် လက်နက်တွေနဲ့ ပေါင် ၅၀၀ ဗုံးတွေကိုပါ အသုံးပြုပြီး လေကြောင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှုတွေထဲ မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့က ပစ်ခတ်မှုအများဆုံးဖြစ်ခဲ့ပြီး တစ်ရက်အတွင်း အကြိမ်ရေ ၄၇ ကြိမ်အထိ ရှိနေတယ်လို့ သိရပါတယ်။

“စစ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းကတော့ လူတိုင်းသိပြီ ဖြစ်မယ်။ အဓိက ကတော့သူတို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်ရယူဖို့အတွက် လေယာဉ်သုံးဗုံးကြဲတာ ဖြစ်တယ်။ ဒါပေမယ့် ရေရှည် မကြာပါဘူး။ မကြာခင်အတွင်းမှာ သူတို့ ပြုတ်ကျစေရပါမယ်လို့ဘဲ ပြောချင်တယ်။” လို့ ကရင်နီတပ်မတော် ( KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

ဒေါဥခူ၊ နာနတ်တော၊ နောင်ယား စတဲ့ ရပ်ကွက်တွေမှာလည်း လေယာဥ်ဗုံးကြဲမှုကြောင့် နေအိမ်အများအပြား ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“နေအိမ်ပျက်စီးသွားတဲ့ ရပ်ကွက်တွေကတော့ ၄ ခုလောက်ရှိတယ်။ တစ်ရပ်ကွက်လုံး တစ်စစီနီးပါး ဖြစ်သွားတာ။ အများအားဖြင့်တော့ လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့်ပဲ။ အရပ်သားသေဆုံးမှု အများစုကလည်း အဲဒါတွေကြောင့်ပါပဲ။” လို့ လွိင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ( ၁၁.၁၁ ) စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကို နေ့စဥ်ပြုလုပ်လာတာ ဖြစ်ပါတယ်။

လွိုင်ကော်မြို့ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု ၄၇၇ ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

လေကြောင်းပစ်ခတ်မှုအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်လာမှုတွေလည်း ရှိနေပါတယ်။ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ရဲ့  ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဖော်ပြချက်အရ တစ်လအတွင်း အရပ်သား သေဆုံးမှု ၈၂ ဦးရှိနေပါတယ်။

လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရသူ  ၄၃ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ ၂၄ ဦးနဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၅ ဦး ဖြစ်ပါတယ်။

Most read this week

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...
February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...
February 9, 2026
ပြီးခဲ့တဲ့နှစ်က ဒီးမော့ဆိုမြို့ပေါ် အနီးတစ်ဝိုက်မှာ စစ်ဘေးရှောင်ရင်း စပါး ၊ ပြောင်း...