နာဂဒေသ လဟယ်မှာ စစ်ကောင်စီတပ်က ဝန်ထမ်းများကို အတင်းအဓမ္မစစ်သင်တန်းပေးနေ

နာဂဒေသ လဟယ်မှာ စစ်ကောင်စီတပ်က ဝန်ထမ်းများကို အတင်းအဓမ္မစစ်သင်တန်းပေးနေ

စစ်ကိုင်းဒေသကြီး လဟယ်မြို့မှာ စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကို အတင်းအဓမ္မစစ်သင်တန်းပေးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

လဟယ်မြို့ပေါ်က အထိုင်တပ်တစ်ခုဖြစ်တဲ့ ခလရ ၂၇၂ တပ်ကနေ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ မီးသတ်နဲ့ အခြားဌာနတွေထဲက Non-CDM ဝန်ထမ်းတွေကို စစ်သင်တန်းမတက်မနေရစနစ်နဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကတည်းကနေ စစ်သင်တန်းတွေ ပေးနေတာလို့ လဟယ်မြို့နယ်ထွေအုပ်ရုံးနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

“စစ်သင်တန်းပေးတာတော့ဟုတ်ပါတယ်။ အခုအရင်ဦးဆုံးက ထွေအုပ်ဝန်ထမ်းတွေကိုပေးနေတယ်အများဆုံးတက် နေတာ ကထွေအုပ်ဝန်ထမ်းတွေတခြားဌာနကဝန်ထမ်းတွေလည်းပါတယ် မတက်လို့မရဘူးတဲ့ တချို့ကလုံးဝမတက်ချင်ဘူးအလုပ်ထွက်ဖို့ပြောနေကြတယ်ဒါပေမယ့်ထွက်ရင်လည်းဘယ်လိုဖြစ်မလဲတွေးပြီးမှမတက်ချင်ပဲတက် နေကြတယ်”လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်က Non-CDM ဝန်ထမ်းတွေကို စစ်သင်တန်းမတက်မနေရ အမိန့် နဲ့ တက်ရောက်ခိုင်နေပြီး စစ်သင်တန်းကာလအတွင်း အလုပ်ထွက်ပါက CDM ပြုလုပ်မှုနဲ့ အရေးယူမယ်လို့ပြောဆိုတာတွေရှိနေတာကြောင့် Non-CDM ဝန်ထမ်းအများစုဟာ မဖြစ်မနေတက်နေရတာလို့သိရပါတယ်။

အဲ့ဒီစစ်သင်တန်းကို လဟယ်မြို့ ကခလရ ၂၇၂ ရဲ့စစ်တပ်ဝန်းထဲမှာသင်ကြားပေးနေတာဖြစ်ပြီး Non-CDM ဝန်ထမ်းတွေနှင့် စစ်ကောင်စီကိုအားပေးတဲ့အရပ်သားတွေပါဝင်ပြီး စုစုပေါင်း လူဦးရေ ၁၀၀ နီးပါးကိုသင်တန်းပေးနေတာလို့သိရပါတယ်။

စစ်ကောင်စီက လက်ရှိသင်ကြားပေးနေတဲ့ ပထမ အသုပ်ပြီးရင် မြို့ပေါ်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ရပ်မိရပ်ဖတွေကိုပါ ထပ်မံ ပြီးစစ်သင်တန်းထပ်ပေးဖို့စီစဥ်နေတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကပြောပါတယ်။

“Non-CDM တွေပြီးသွားရင် ဒုတိယသုပ်အနေနဲ့ ရာအိမ်မူးတွေ ရပ်မိရပ်ဖတွေကိုထပ်ပေးမယ်ပြောတယ် သင်တန်းက လနဲ့တောမကြာဘူး ရက်ပိုင်းပဲလို့ပြောတယ် ၁၅ ရက် ၊ရက် ၂၀ ပေါ့ အဓိကတော့သေနတ်ပစ်တတ်အောင်လေ့ကျင်ပေးတာမျိုးပဲလို့ပြောတယ်”လို့ သူကဆက်ပြောပါတယ်။

စစ်သင်တန်းတက်ရောက်နေသူတွေကို စစ်ကောင်စီတပ်က လူတစ်ဦးနှုန်းလျင်တစ်ရက်နေ့စားခ ကျပ် ၇၀၀၀ ပေးတဲ့အပြင် အခြေံခံ ရိက္ခာ ဆန်၊ဆီ၊ဆား လည်းထောက်ပံ့ပေးမယ်လို့ပြောဆိုထားကြောင်းသိရပါတယ်။

အခုလိုစစ်သင်တန်းတွေအတင်းဖိအားပေး တက်ရောက်ခိုင်းနေတာနဲ့ပတ်သက်ပြီး သင်တန်းပြီးမြောက်သူတွေကို ဘယ်လိုအသုံးချမှုတွေပြုလုပ်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ပြောပြတာမျိုးမရှိဘူးလို့သိရပါတယ်။

စစ်ကိုင်းတိုင်းဒေ သကြီးထဲက လဟယ်မြို့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲက မြို့နယ်တစ်ခုဖြစ်တဲ့အလားတူ စစ်အာဏာသိမ်း ကာလအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ နာဂလက်နက်ကိုင်တပ်၊ PDF တွေကြားတိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိသေးဘူးလို့သိရပါတယ်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...