ဖလမ်းမြို့တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၁၀၅ နှစ် အဖွားအိုသေဆုံး

ဖလမ်းမြို့တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၁၀၅ နှစ် အဖွားအိုသေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ် စီဇာမွာလ်ရွာက လူနေအိမ်အပေါ် ဒီနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ မနက်ပိုင်း တစ်နာရီခွဲလောက်လောက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် (၁၀၅)နှစ်အရွယ် အမျိုးသမီးအဖွားအို တစ်ဦးသေဆုံးပြီး၊ အသက် (၆၅) နှစ်အရွယ် အမျိုးသမီးတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ် ဒေသခံတွေဆီကနေ သိရပါတယ်။

ဖလမ်းမြို့ အခြေစိုက်တဲ့ ခလရ ၂၆၈ တပ်ကနေ ပစ်ခတ်လိုက်တဲ့ လိုက်နက်ကြီးဟာ ဖလမ်းမြို့နယ် စီဇာမွာလ်ရွာက လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖလမ်းမြို့ဒေသခံတစ်ဦးက “ည ၂ နာရီလောက်မှာ  စီဇာမွာလ်ရွာက နေအိမ်ပေါ်ကျတယ်လို့တော့ ကြားတယ် ထိခိုက်ဒဏ်ရာရတဲ့သူကိုလည်း ဖလမ်းဆေးရုံကို ပို့လိုက်ပြီလို့ သိရတယ်” သိရပါတယ်။

ဖလမ်းမြို့ကနေ စီဇာမွာ ကျေးရွာဟာ ၂ မိုင်လောက်သာဝေးတဲ့ ဖလမ်း - ကလေးလမ်းမပေါ်မှာ တည်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။

စစ်ကောင်စီတပ်လက်နက်ကြီး ရမ်းသမ်းပစ်ခိုက်တာတွေ ချင်းပြည်နယ်အတွင်း ခုရက်ပိုင်း ပိုများလာပါတယ်။ လက်နက်ကြီးပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးတာတွေ ရှိသလို နေအိမ်တွေအမြောက်အများ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းယောဒေသနဲ့ ပုံတောင်ပုံညာမှာ  စစ်ကောင်စီတပ်အင်အား ၁,၀၀၀...
May 25, 2026
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/ CPA ) အဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်...
May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...
May 22, 2026
နေရပ်ပြန်မယ့် ဖလမ်းမြို့ ဒေသခံတွေအတွက် ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က...