ကသာမှာ စစ်တပ်ကဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးကြဲ

ကသာမှာ စစ်တပ်ကဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးကြဲ
ညောင်ခြေထောက်ရွာ (Crd- KKZ)
ညောင်ခြေထောက်ရွာ (Crd- KKZ)

စစ်ကိုင်းတိုင်း ကသာမြို့နယ် ညောင်ခြေထောက် ကျေးရွာအနီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး‌ ၄ လုံးကြဲချသွားတယ်လို့ ကသာဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ည‌နေ ‌၅ နာရီဝန်းကျင်မှာ မြစ်ကြီးနားကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ညောင်ခြေထောက်ရွာအနီး တောစပ်တစ်လျှောက် ‌ဗုံးကျဲသွားတာဖြစ်တယ်လို့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။

"စုစုပေါင်းက ၄ လုံးပစ်တာ ၃ လုံးကွဲတယ် ကျန်တစ်လုံးက မကွဲဘူး ရွံနွံထဲကျသွားတာ" လို့ ပြောပါတယ်။

စစ်တပ်က ဗုံးကြဲချသွားတဲ့ ညောင်ခြေထောက်ကျေးရွာဟာ အာဏာသိမ်းခါစ ကာသာကာကွယ်ရေးတပ်ရင်း ၁ နယ်မြေဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်မတ်လထဲမှာဘဲ ညောင်ခြေထောက်ရွာ သင်္ချိုင်းကုန်းမှာ စစ်‌တပ်ဘက်နဲ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က ညောင်ခြေထောက်ရွာထဲ လူနေအိမ် တစ်ရာနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ကာကွယ်ရေးတပ်တွေလည်း ပြောင်းရွှေ့သွားကြပြီလို့ သိရပါတယ်။

"အစတုန်းကတော့ရှိတယ် ဒါပေမယ့် စစ်တပ်က တိုက်ပွဲဖြစ်ရင်ရွာထဲ ဝင်ဝင်ပြီး မီးရှို့တာတွေကြောင့်မို့ ကာကွယ်ရေးတပ်က ပြောင်းသွားကြပြီ မရှိတော့ဘူး " လို့ ပြောပါတယ်။

လက်ရှိ ညောင်ခြေထောက်ရွာနီး တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ်ဘက်က ခုလိုဗုံးကျဲသွားတာဟာ ကာကွယ်ရေးတပ်တွေနေထိုင်တယ်လို့ယူဆတဲ့အတွက် ဖြစ်နိုင်သလို တစ်ဖက်မှာလည်း မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ  စစ်လက်နက်ရိက္ခာ တင်တဲ့သင်္ဘော၉ စီးလည်း စစ်ကိုင်းအထက်ဘက်ကို ဆန်တက်ဖို့ ပြင်ဆင်နေတာတွေကြောင့် ကြိုပြီးလမ်းရှင်းတာဖြစ်နိုင်တယ်လို့လည်း ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေက သုံးသပ်နေကြပါတယ်။

ညောင်ခြေထောက်ရွာဟာ ကသာမြို့ရဲ့တောင်ဘက် ၁၀ မိုင်အကွာမှာရှိပြီး ကသာကနေ ဆိုင်ကယ်နဲ့ဆိုရင် မိနစ် ၅၀ လောက်သွားရတဲ့ရွာဖြစ်ပါတယ်။

ဒါ့အပြင် ကသာမြို့နယ်ဟာ နယ်မြေအနေထားအရ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့မြို့နယ်ဖြစ်ပြီး စစ်ကိုင်းကနေ ကချင်ပြည်နယ်ကိုဝင်နိုင်မယ့် တစ်ခုတည်းသော ရေကြောင်းဝင်ပေါက်ဖြစ်သလို ခရိုင်ရုံးစိုက်တဲ့မြို့နယ်ဖြစ်တာကြောင့် လက်ရှိ စစ်ကောင်စီတပ်တွေက ကသာမြို့လက်မလွတ်ရေး အပြင်းအထန်ကြိုးစားနေကြပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထား တာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...