တနင်္သာရီတိုင်းမှ စစ်ရှောင်များ နေရပ်ပြန်ရန် ဖိအားပေးခံနေရ

တနင်္သာရီတိုင်းမှ စစ်ရှောင်များ နေရပ်ပြန်ရန် ဖိအားပေးခံနေရ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့နှင့် အနီးတဝိုက် ကျေးရွာများမှ စစ်ဘေးရှောင်နေကြရသူများကို နေရပ် ပြန်လာနေထိုင်ကြဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးအဖွဲ့ဝင်များက ဖိအားပေး ခြိမ်းခြောက် ခေါ်ယူနေသည်ဟု ရွာသားများက ပြောသည်။

နိုဝင်ဘာလဆန်းက စတင်ပြီး နေရပ်ပြန်မလာသူများ၏ နေအိမ်နှင့် ဥယျာဉ်ခြံမြေများကို ကျေးရွာပိုင် ပစ္စည်း အဖြစ် သိမ်းယူသွားမည် ဖြစ်ကြောင်းပြောဆိုကာ ခြိမ်းခြောက်ခေါ်ယူနေခြင်း ဖြစ်သည်။

“ပြန်လာရမယ့် ရက်ကိုတော့ ကန့်သတ်ထားတာမျိုးတော့ မရှိဘူး။ စစ်အာဏာသိမ်းခါစက ဆန္ဒပြပွဲတွေမှာ ပါခဲ့ တာကြောင့် ဖမ်းဆီးခံရမှာစိုးပြီး ရှောင်တိမ်းနေကြရသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို တမင်သိမ်းချင်လို့ အကွက် ဖေါ် တာဖြစ်မယ်” ဟု အသက် ၄၅ နှစ်အရွယ် အေးမြသာယာမှ ရွာသားတစ်ဦးက ပြောသည်။

ပြန်ခေါ်ခံနေရသည့် ကျေးရွာများမှာ ပါကလပ်၊ အေးမြသာယာ၊ အောင်သာယာ၊ ဝိုင်ဒင်းနှင့် ရှမ်းကိုးကျေးရွာတို့ ဖြစ်ကြသည်။

ကျေးရွာ အတော်များများမှာ ရွာငယ်လေးများ ဖြစ်ကြသော်လည်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများ တွင် ပါဝင်ခဲ့ကြသူတို့မှာ မထင်မှတ်အောင်ပင် များပြားခဲ့သည်ဟု ဒေသခံရွာသားများက ဆိုသည်။

ခမောက်ကြီးမြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်များ၊ ပါတီဝင် များနှင့် ထောက်ပံ့ကူညီ အဆက်သွယ်ရှိခဲ့ဖူးသူများ၊ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ဖူးသူများကို စစ်ကောင်စီမှ မကြာ ခဏ ဖမ်းဆီးခဲ့ပြီးနောက် ငွေကြေးတတ်နိုင်သူများအား ကျပ်သိန်းဆယ်ချီ တောင်းကာ ပြန်လွှတ်ပေးသည် များလည်း ရှိခဲ့သည်ဟု ရွာသားများကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ညကလည်း ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ လမ်းဘေးအုတ်ခုံပေါ် ဂိမ်း ကစားနေသည့် အသက် ၁၇ နှစ်ဝန်းကျင်ခန့် အရွယ် ယောက်ကျားလေး ၃ ဦးကို ညဦးပိုင်း လှည့်ကင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး ဒဏ်ငွေ ကျပ် ၆၀၀၀၀ စီတောင်းယူကာ ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ လူငယ်များ၏ ဖုန်းများကိုမူ ပြန်ပေးခြင်းမရှိဘဲ သိမ်းဆည်းသွားသည်ဟု နီးစပ်သူများက ပြောသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...