တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်သားများ ထောက်ပံ့ရေးအတွက် လုပ်ငန်းရှင်များထံ အလှူခံနေ

တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်သားများ ထောက်ပံ့ရေးအတွက် လုပ်ငန်းရှင်များထံ အလှူခံနေ

မြန်မာ-ထိုင်းနိုင်ငံ နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ လုပ်ငန်းရှင်များထံ တိုက်ပွဲဝင်နေသော စစ်ကောင်စီ တပ်သားများ ထောက်ပံ့ရေးအတွက်ဆိုပြီး ဗျူဟာမှူးမှ အလှူငွေတောင်းခံနေကြောင်း သတင်းသိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်တပ်ဖွဲ့ မဟာမိတ်၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မဟာမိတ်တို့အကြား တိုက်ပွဲဖော်ဆောင်လာချိန်တွင် စစ်ရေးအားနည်းလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်း အလှူငွေတောင်းခံခြင်း ခပ်စိပ်စိပ် ပြုလုပ်လာနေသည်။

စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်များတွင်လည်း K-pay နံပါတ်ဖြင့် အလှူငွေတောင်းခံနေပြီး ယမန်နေ့ ( နိုဝင်ဘာလ ၁၃ ရက်) ညပိုင်းအထိ ကျပ်သိန်း ၉၀ နီးပါး ရရှိပြီဖြစ်ကြောင်း Ko Thet ဆိုတဲ့အကောင့်မှ ဖော်ပြထားသည်။

ထိုနည်းတူ တာချီလိတ်မြို့ ဗျူဟာမှုးမှ ဦးဆောင်၍ ဟိုတယ်ပိုင်ရှင်နှင့် လုပ်ငန်းရှင်များထံ အလှူငွေကောက်ခံနေသည်ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တာချီလိတ် ဗျူဟာမှူးက တာချီလိတ်မှာရှိတဲ့ လုပ်ငန်းရှင်၊ ဟိုတယ်ပိုင်ရှင်တွေ အကုန်လုံးဆီက အလှူငွေလိုက်ခံနေတယ်။ ပိုက်ဆံတောင်းနေတယ်။ စစ်ဖြစ်နေတဲ့ဒေသမှာ သူတို့တပ်မတော်သားတွေ အထိနာတဲ့အတွက် သွားပြီးကူညီမယ်၊ ထောက်ပံ့မယ်ဆိုပြီးတော့ အတင်းကောက်နေပါတယ် “ ဟု  ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများအတွက် ထောက်ပံ့ရေးကို ဘယ်လောက်ကောက်ခံနေကြောင်း မသိရှိရဘဲ ဆက်လက်စုံစမ်းမေးမြန်း နေဆဲဖြစ်သည်။

ထို့အပြင် သျှမ်းမြောက်ဒေသတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေကာ စစ်ကောင်စီတပ်ဖွဲ့မှ အထိနာနေသည်။

ယင်းကဲ့သို့ တိုက်ပွဲဝင်နေသော စစ်ကောင်စီတပ်သားများအတွက် စေတနာရှင် အလှူရှင်ပြည်သူများက ဒံပေါက်ဘူးများ ပေးပို့လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်

Most read this week

ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...