တနင်္သာရီတိုင်းတွင် တစ်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ တစ်သောင်းကျော် တိုးလာ

တနင်္သာရီတိုင်းတွင် တစ်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ တစ်သောင်းကျော် တိုးလာ

တနင်္သာရီတိုင်းဒေသကြီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ ဝင်များအကြား နှစ်ဖက်အပြန်အလှန်တိုက်ပွဲများကြောင့် အောက်တိုဘာလအတွင်း စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း တစ်သောင်းကျော်တိုးလာကြောင်း တနင်္သာရီတိုင်းအခြေစိုက်သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi က နိုဝင်ဘာလ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ယခင်က တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၄၅,၀၀၀) ကျော်ထိရှိနေပြီး ပြီးခဲ့သည့် အောက်တိုဘာလ တစ်လအတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ စစ်ဘေးရှောင် ဦးရေ တစ်သောင်းကျော် ထပ်မံတိုးလာသည့်အတွက် လက်ရှိတွင် စစ်ဘေးရှောင် စုစုပေါင်း(၅၅,၀၀၀)ကျော် ထိ ရှိလာကြောင်း ဖော်ပြထားသည်။

စစ်ဘေးရှောင် အနီးကပ် ကူညီသည့်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင် အများစုကတော့ တိုက်ပွဲ ငြိမ်ရင်ပြန်ရဲတဲ့ စစ်ဘေးရှောင်တွေကတော့ ပြန်ကြတယ်။ ဒါပေမဲ့ တစ်လထက်တစ်လက စစ်ဘေး ရှောင်တိုး လာတယ်။ စစ်ရှောင်ရတာ အချိန်ကြာလာတယ်။ ပြီးတော့ စစ်တပ်ကလည်း ကုန်းလမ်းတွေအကုန် ပိတ်ထားတဲ့ အတွက် ရိက္ခာပြတ်တောက်နိုင်တဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ နေရတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းတွင် ဒေသခံပြည်သူများ၏ နေအိမ် ၄၄လုံးကို စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါဖျက်ဆီးမှုသည် ပြီးခဲ့သည့် (၃) လအတွင်း အများဆုံး ပမာဏဖြစ် ကြောင်းလည်း FE5 Tanintharyi က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ထားဝယ် အရှေ့တောနယ်ဒေသ၊ တနင်္သာရီမြို့နယ်နှင့် ပုလော မြို့နယ်တို့တွင် အာဏာသိမ်း စစ်ကောင် စီ တပ်ဖွဲ့ဝင်များမှ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးသယ်ဆောင်ခွင့်များကို ကန့်သတ်ထားသော ကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအကူအညီများ ပိုမိုလိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူ ညီသူများ ပြောသည်။

ဆက်လက်ပြီး တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြောင်းအမျိုးမျိုးပြကာ အရပ်သား (၂၃၀) ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး (၁၇၆)ဦး ပြန်လည်လွတ်မြောက်လာကာ ၉ ဦး သတ်ဖြတ်ခံလိုက်ရကြောင်း FE5 Tanintharyi ထုတ်ပြန်ထားချက်အရ သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စစ်အာဏာသိမ်းသည့် နှစ်နှစ်ကျော် ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲ စုစုပေါင်း (၁၁,၀၀၀)ကျော် ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း (Institute for Strategy and Policy- Myanmar)မှ ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသေးသည်။ 

Photo-ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...