မြို့သိမ်းတိုက်ပွဲအတွင်း ပိတ်မိမည်ကို ကော့ကရိတ်မြို့ခံများ စိုးရိမ်နေ

မြို့သိမ်းတိုက်ပွဲအတွင်း ပိတ်မိမည်ကို ကော့ကရိတ်မြို့ခံများ စိုးရိမ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပွား၍ မြို့တွင်းမှ ထွက်ခွာတိမ်းရှောင်ချိန်မရဘဲ ပိတ်မိမှာကို စိုးရိမ်နေကြရကြောင်း ရပ်ကွက်တွင်း နေထိုင်သူများက ပြောသည်။

လတ်တလော ကော့ကရိတ်မြို့အနီးအနားဝန်းကျင်တဝိုက်တွင် ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်နေရာယူထားပြီး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာလျှင် တိမ်းရှောင်ချိန်မရဘဲ မြို့တွင်းမှပိတ်မိမည်ကို စိုးရိမ်နေကြကြောင်း  မြို့ခံတစ်ဦးက ပြောသည်။

၎င်းက "ကော့ကရိတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က ဝင်သိမ်းပြီး မြို့ထဲထိုင်ရင်တော့ စစ်ကောင်စီတပ်က ပြည်သူကို ဂရုစိုက်မှာမဟုတ်ဘူး။ မြို့တွင်းကို ပစ်မှာပဲ။ အခုတောင် လက်နက်ကြီးက မြို့ထဲမှာပဲ ကျ တယ်။ နေရမလား ရှောင်ရတော့မလား မသိဘူး။ တိုက်ပွဲဖြစ်မှာ ပြည်သူကို ကြိုအသိပေးရင် ကောင်း တာပေါ့။ ဘာမှမသိလိုက်ဘဲမြို့တွင်းပိတ်မိမှာကို စိုးရိမ်တာအမှန်ပါပဲ။"ဟု ကေအိုင်စီသို့ ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် စစ်ရေးလှုပ်ရှားမှုတစ်စုံတစ်ရာရှိလာလျှင် ပြည်သူများကို ကြိုတင် အသိပေးသွားမည်ဖြစ်၍ မစိုးရိမ်ကြရန် အသိပေးလိုကြောင်း အဆိုပါ အခြေအနေအပေါ် KNLA ပူးပေါင်းတပ်မှ ကျားဖြူစစ်ကြောင်းမှူး ဗိုလ်ကျော်သက်က ယခုလို‌ပြောသည်။

"ကျနော်တို့ဘက်က စိုးရိမ်စရာမရှိဘူး။  အလုပ်လုပ်ရင် ပြည်သူကို အသိပေးမယ်။ စစ်ကောင်စီတပ်က သူများဆင်းလာမှာစိုးရိမ်လို့ မြို့တွင်းရပ်ကွက်ထဲမှာလက်နက်ကြီးတွေ ခဏခဏပစ်‌တော့ ပြည်သူတွေ အမြဲထိတယ်။ မနေ့ကလည်း ပြည်သူတွေထိတယ်။ တစ်နေ့ကလည်း ထိတယ်"ဟု ဗိုလ်ကျော်သက်က ပြောသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဘက်တွင် ယခုလပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားကာ တော်လှန် ရေးတပ်ဖွဲ့မှ မြို့သိမ်းတိုက်ပွဲများကို ခပ်စိပ်စိပ်ဖော်ဆောင်နေသကဲ့သို့ ကော့ကရိတ်မြို့တွင်လည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု သတင်းများထွက်ပေါ်လာ၍ စိုးရိမ်မှုဖြင့် နေထိုင်ကြရကြောင်း မြို့ခံများက ပြောသည်။

ကော့ကရိတ်မြို့အနီးအနားတွင် တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်နေရာယူထားသဖြင့် စစ် ကောင်စီတပ် လှိုင်ဝအမြှောက်ကုန်းနှင့် (၉၇)တပ်ရင်းတို့မှ လက်နက်ကြီးနေ့စဉ်ပစ်သဖြင့် မြို့တွင်းကျရောက်ပြီး အရပ်သားပြည်သူများ မကြာခဏ ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားလေ့ရှိသည်ဟု မြို့ခံများထံမှ သိရသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...