ပြည်ပမှာအလုပ်လုပ်ဖို့ ထွက်ခွါမယ့်ချင်းလူငယ်တွေ နိုင်ငံကူးလက်မှတ်(Passport )လုပ်ဖို့ အဓိကအခက်အခဲကြုံရ

ပြည်ပမှာအလုပ်လုပ်ဖို့ ထွက်ခွါမယ့်ချင်းလူငယ်တွေ နိုင်ငံကူးလက်မှတ်(Passport )လုပ်ဖို့ အဓိကအခက်အခဲကြုံရ

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလာမှုကြောင့် ပြည်ပထွက်ခွါချင်တဲ့ချင်းလူငယ်တွေအတွက် Passport လုပ်မယ့်ကိစ္စဟာ အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းကနေပြည်ပကိုထွက်ခွါဖို့ passport လုပ်ဖို့ကို ချင်းတောင်ကနေရန်ကုန်လာပြီးနောက် မြ၀တီဖက်အထိသွားလုပ်ခဲ့ရပြီးနောက်ပိုင်း ယခုအခါကော့သောင်းဖက်အထိ သွားရောက်လုပ်ကိုင်ရတယ်လို့သိရပါတယ်။

အလုပ်လုပ်ကိုင်ဖို့ နိုင်ငံခြားမှာထွက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “အလုပ်လုပ်ကိုင်ဖို့လာတဲ့သူတွေဟာ ရန်ကုန်မှာ အတော်ကြာကြာနေရတယ်။ passport လုပ်ဖို့အဆင်ပြေရင်တော့ သူတို့ခဏလေးနဲ့သွားဖြစ်တယ်။ လာတဲ့သူတွေက အချိန်လေးငါးခြောက်လလောက်ကြာအောင် ရန်ကုန်မှာနေရတယ်” လို့ဆိုပါတယ်။

အဓိကအားဖြင့် စင်ကာပူသွားမယ့် လူငယ်တွေဟာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းအရင်တက်ရတာဖြစ်လို့ တစ်နှစ်နီးပါးအထိ နိုင်ငံခြားဖက်ကိုထွက်နိုင်ဖို့ စောင့်ဆိုင်းရတယ်လို့သိရပါတယ်။

ချင်းလူမျိုးလူငယ်တွေမှာ နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်ခွါချင်သူတွေဟာ မိန်းကလေးအများစုဖြစ်ပြီး မလေးရှား၊ အိုမန်နိုင်ငံတွေမှာ အိမ်ဖော်အဖြစ်သွားရောက်အလုပ်လုပ်ကိုင်ကြပါတယ်။

ချင်းပြည်နယ်ဟားခါးမြို့မှာလည်း လတ်တလော နိုင်ငံကူးလက်မှတ်ရုံးယာယီပိတ်ထားသလို

ယာယီပိတ်ထားပြီး ရန်ကုန်မှာလည်း QR quote စနစ်နဲ့ ကြိုတင်ဘုတ်ကင်တင်ခွင့်ရပေမယ့် အချိန်ကြာမြင့်လွန်းတာကြောင့် တစ်ခြားဒေသတွေမှာ သွားလုပ်ကြရတာဖြစ်ပါတယ်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...