ယာဉ်တန်းလုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

ယာဉ်တန်းလုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

ကျိုက်ထိုမြို့နယ် ရန်ကုန်−မော်လမြိုင်လမ်းမဘေးရှိ အင်္ဂပိုကျေးရွာအနီးတွင် စစ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်များကို ယမန်နေ့ နိုဝင်ဘာလ ၇ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ နယ်မြေရှိ စစ်အထိုင်စခန်းများနှင့် တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသို့ စစ်ကူအင်အားပေးရန် တက်လာသော ယာဉ်တန်းကို လုံခြုံရေးယူပေးသည့် အင်အား ၂၀ခန့်ရှိ စစ်ကောင်စီတပ်အား ကရင်  အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက် တစ်တပ်ဦး -ABSDF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF နှင့် နယ်မြေခံ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ABSDFက ထုတ်ပြန်ထားသည်။

“စကစရဲ့ယာဉ်တန်းကို စောင့်ကြည့်လုံခြုံရေးယူပေးနေတဲ့ စကစတွေကို ကျနော်တို့လမ်းမှာ ကြား ဖြတ်တိုက်ခိုက်တာပေါ့နော်။ စစ်ယာဉ်တန်းကလည်း တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ တပ်ကူဖြစ် တာပေးတဲ့အတွက် ကျနော်တို့ဖြတ်တောက်ရတာဖြစ်တယ်။ လက်ရှိ သူတို့ဘက်က ကျဆုံးစာရင်းရ တာက ၅ ယောက်ရှိတယ်။ တခြားထိခိုက်တာတွေ ရှိသေးတယ်။ ဒါပေမဲ့စာရင်းမပြုစုရသေးဘူး”ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုတပ်ဖွဲ့၏ ရဲဘော်တစ်ဦးက ပြောသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲအပြီး နေ့လည် ၂ နာရီအချိန်တွင် စစ်ကောင်စီတပ်များတပ်စွဲထားသည့်ဝေါမြို့ နယ်၊ ဆပ်သွားခြုံဘူတာမှ သိမ်ဇရပ်ဆိပ်ကမ်းသာဘက်သို့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် သဲကွင်းသို့တစ်လုံး၊ ကေထဲတစ်လုံးနှင့် သိမ်ဇရပ်ကမ်းနားသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် တနော်ကျွန်းကမ်းနား သဲကွင်းတွင်နေထိုင်သူ အရပ်သား ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့သေးသည်ဟု Kyaikhto Information Team ကို ကိုးကား၍ ABSDF ထုတ်ပြန်ထားသည်။

အလားတူ လက်ရှိတိုက်ပွဲဖြစ်ပွားနေလျက်ရှိသည့် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်နှင့် ကြာအင်း ဆိပ်ကြီး မြို့နယ်ဘက်သို့ စစ်ကူအင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်၏ ယာဉ်တန်းများ ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...