ကော့ကရိတ်တွင် စစ်တပ်က BGF အသွင်ယူလှုပ်ရှားသွားလာပြီး စစ်ရေးပြင်နေ

ကော့ကရိတ်တွင် စစ်တပ်က BGF အသွင်ယူလှုပ်ရှားသွားလာပြီး စစ်ရေးပြင်နေ

ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း လမ်းပိုင်းတစ်လျှောက်ကျေးရွာများတွင် စစ်‌ကောင်စီတပ်က နယ်ခြား စောင့်တပ် -BGF အသွင်ယူလှုပ်ရှားသွားပြီး စစ်ရေးပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်က ကိုးတိုင်၊ လှိုက်ကွယ်၊ တောင်ကြာအင်း၊ မြောက်ကြာအင်း၊ လောင်းကိုင်၊ ဖားကျ၊ ဝင်းကကနေ ကြာ အင်းဆိပ်ကြီး၊ မုဒုံ၊ ကျိုက်မရောလမ်းပိုင်း တစ်လျှောက်လုံးကို စစ်အင်အား ဖြည့်နေတယ်။ လမ်းကြေးဂိတ်ကြေး တွေ မတရားကောက်ခံနေတယ်။ ဒေသထဲက KLNA ပူးပေါင်းစစ်ကြောင်းတွေကို စစ်သားမြင်ရင်တိုက်၊ BGF မြင်ရင် မတိုက်နဲ့ ဆိုတာမျိုး ဒေသထဲက ကရင်ခေါင်းဆောင်တွေ၊ လူကြီးတွေ၊ ဘုန်းကြီးတွေ အမိန့်ထုတ်ထားတော့ BGF ယူနီဖောင်းဝတ်ပြီး စစ်ကူသယ်ပို့ နေတာ။”ဟု လောင်းကိုင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။  

လတ်တလော တောင်ကြာအင်း၊ မြောက်ကြာအင်းတိုက်နယ်အတွင်း ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများသည် တောင်ယာသိမ်းချိန်၊ ခြံသိမ်းချိန်၊ ရော်ဘာစေးခြစ်ချိန်ကာလဖြစ်၍ စစ်တပ်စစ်ကြောင်းများနှင့် KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့များ စစ်ရေးတင်းမာလိုက်၊ ပြန်အခြေအနေအေးသွားလိုက်ဆိုသလိုမျိုး အခြေ အနေရှိနေသည့်အတွက် လုပ်ကိုင်စားသောက်သွားလာမရဘဲ ပိုခက်ခဲလာကြောင်း တောင်ကြာ အင်းကျေးရွာအုပ်စုရှိ ဒေသခံများက ပြောသည်။

“ကင်းစခန်း လူချိန်းနေရာချိန်းတာတွေလုပ်နေတာ မြင်နေတွေ့နေရပေမယ့် တိုက်ပွဲဖော်လို့မရဘူး ဖြစ်နေတယ်။ စစ်ရှောင်ရတာ ကြာနေပြီ‌ဆိုတော့ တိုက်ချင်ရင်လည်း တစ်နယ်လုံးတိုက် မတိုက်ချင်ရင်လည်း မတိုက်ကြနဲ့ တော့လို့ ပြောချင်တယ်”ဟု အဆိုပါ လောင်းကိုင်ကျေးရွာ ဒေသခံက ဆက်ပြောသည်။

လတ်တလော ကရင်ပြည်နယ်တွင်း ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဝေါလေ၊ ကျိုက်ဒုံဒေသများတွင် စစ် ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး တောင်ကြာအင်း၊‌ မြောက်ကြာအင်း၊ ကျုံဒိုး၊ ဘုရားသုံးဆူ၊ မြဝတီအာရှလမ်း၊ လက်ခတ်တောင်ဒေသဘက်တွင် စစ်ကောင်စီတပ်ဘက်က စစ်ကူအင် အားဖြည့်တင်းလျက်ရှိသည်ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...