ဟားခါးတွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

ဟားခါးတွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

ချင်းပြည်နယ် ဟားခါးမြို့ ၊ ဟားခါးသစ်ရပ်ကွက်မှာရှိတဲ့ (၆)လုံးဆုံ စစ်ဆေးရေးဂိတ်မှာယနေ့မနက်ပိုင်း (၆)နာရီ အချိန်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဟားခါးမြို့က ဒေသခံတစ်ယောက်က Chin World ကိုပြောပါတယ်။

“ဒီနေ့မနက်ကတည်းက ပစ်ခတ်ကြတာ၊ နှစ်ဖက်အပြန်အလှန်ပစ်ကြတာပေါ့၊ လူငယ်တွေကသွားပြီးပစ်ကြတာ လို့တော့ အကြမ်းဖျင်းသိရတယ်”လို့ ဟားခါးမြို့က ဒေသခံတစ်ယောက်ကပြောပါတယ်။

ဟားခါးမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး သေနတ်ပစ်ဖောက်သံတွေ မကြားရတော့တာဖြစ်ပြီးယနေ့ နိုဝင်ဘာ(၆)ရက်နေ့ မနက်မှာတော့ (၆)လမ်းဆုံစစ်ဆေးဂိတ်မှာ အပြန်အလှန်ပစ်ခတ်သံတွေ

ထပ်မံကြားနေရတာ ဖြစ်ပြီး ဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရတဲ့သူရှိ၊ မရှိကိုတော့ Chin World Mediaအနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဟားခါးမြို့က (၆)လုံးဆုံစစ်ဆေးရေးဂိတ်ဟာ ကလေး-ဖလမ်း-ဟားခါး လမ်းမကြီးပေါ်မှာရှိပြီးဟားခါးမြို့နဲ့ အခြားမြို့တွေကို ဖြတ်သန်းသွားလာကြတဲ့ မော်တော်ယာဉ်တွေကိုစစ်သားနဲ့ ရဲတွေက လုံခြုံရေးအ ကြောင်းပြပြီးစစ်ဆေးရေးတွေလုပ်ဆောင်နေတဲ့နေရာလဲဖြစ်ပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...