ဟားခါးတွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

ဟားခါးတွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

ချင်းပြည်နယ် ဟားခါးမြို့ ၊ ဟားခါးသစ်ရပ်ကွက်မှာရှိတဲ့ (၆)လုံးဆုံ စစ်ဆေးရေးဂိတ်မှာယနေ့မနက်ပိုင်း (၆)နာရီ အချိန်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဟားခါးမြို့က ဒေသခံတစ်ယောက်က Chin World ကိုပြောပါတယ်။

“ဒီနေ့မနက်ကတည်းက ပစ်ခတ်ကြတာ၊ နှစ်ဖက်အပြန်အလှန်ပစ်ကြတာပေါ့၊ လူငယ်တွေကသွားပြီးပစ်ကြတာ လို့တော့ အကြမ်းဖျင်းသိရတယ်”လို့ ဟားခါးမြို့က ဒေသခံတစ်ယောက်ကပြောပါတယ်။

ဟားခါးမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး သေနတ်ပစ်ဖောက်သံတွေ မကြားရတော့တာဖြစ်ပြီးယနေ့ နိုဝင်ဘာ(၆)ရက်နေ့ မနက်မှာတော့ (၆)လမ်းဆုံစစ်ဆေးဂိတ်မှာ အပြန်အလှန်ပစ်ခတ်သံတွေ

ထပ်မံကြားနေရတာ ဖြစ်ပြီး ဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရတဲ့သူရှိ၊ မရှိကိုတော့ Chin World Mediaအနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဟားခါးမြို့က (၆)လုံးဆုံစစ်ဆေးရေးဂိတ်ဟာ ကလေး-ဖလမ်း-ဟားခါး လမ်းမကြီးပေါ်မှာရှိပြီးဟားခါးမြို့နဲ့ အခြားမြို့တွေကို ဖြတ်သန်းသွားလာကြတဲ့ မော်တော်ယာဉ်တွေကိုစစ်သားနဲ့ ရဲတွေက လုံခြုံရေးအ ကြောင်းပြပြီးစစ်ဆေးရေးတွေလုပ်ဆောင်နေတဲ့နေရာလဲဖြစ်ပါတယ်။

Most read this week

September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...