KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦး ဒဏ်ရာရ

KNU နယ်မြေမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်ထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်မှာ KNU ညောင်လေးပင်ခရိုင် ကျောက် ကြီးမြို့နယ် အခြေစိုက်စစ်ကောင်စီ အမှတ်(၂၆၄) ခြေလျင်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ တောင်ခင်ကျေးရွာထဲကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ခင်ကျေးရွာနေ အသက် ၁၃ အရွယ် မအိရွှေစင်၊ အသက် ၁၅ အရွယ် မသွန်းရွှေစင်နဲ့ဒေသခံတွေဖြစ်တဲ့ ဒေါ်သေးသေး၊ ဦးထွေးတင်တို့ ကျည်ထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ KNU ရွှေကျင်မြို့နယ်ရှိ ပျဉ်ရေကြီး၊ ဂွေးကုန်း၊ ရေဖြူကန်၊ ညောင်ပင်ကြီးကျေးရွာနဲ့ မီးလောင်ကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၁၉ လုံးထက်မနည်း ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရေဖြူကန်ကျေးရွာနေ အသက်တစ်နှစ်ခွဲအရွယ် မောင် မင်းခန့်ဇော်၊ အသက် ၃ အရွယ် မယွန်းယွန်းအပါအဝင် ဒေသခံ ၄ ဦး ထပ်မံဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကလည်း KNU မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ကျောက်ကြီးပေါက်၊ ဆပ်မန်းပေါက်အပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံပြည်သူ ၂၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေထဲမှာ အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒေသခံပြည်သူလူထု နှစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာမှုအကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...
April 22, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ်...