KIA ရဲ့ လက်နက်သိုလှောင်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

KIA ရဲ့ လက်နက်သိုလှောင်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ လက်နက်၊ ခဲယမ်း၊ မိုင်းတွေထုတ်လုပ်တဲ့နေရာတွေနဲ့ သိုလှောင်နေရာတွေကို အမာခံသတင်းပေးတွေရဲ့ သတင်းပေးပို့ချက်အရ သင့်လျော်တဲ့တုံ့ပြန်တိုက် ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဲဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ ဆယ်စုနှစ်တစ်ခုကြာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဂန်ဒေါင်ယန်စခန်းကို KIA၊ AA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့အတွက် အခုလိုတုံ့ပြန်လာတာပါ။

စစ်ကောင်စီက KIA အဖွဲ့ကို တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့နေရာဟာ နယ်စပ်နဲ့နီးကပ်တဲ့နေရာဖြစ်တာ၊ အိမ် နီးချင်းနိုင်ငံဆီ မလွှဲမသွေသာ လုပ်ဆောင်ရမယ့်ကိစ္စရပ်ကို ကြိုတင်အသိပေးခဲ့တဲ့အပြင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ကန့်သတ်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ဘယ်နေရာမှာရှိတဲ့ လက်နက်သိုလှောင်နေရာကို ဘယ်လိုပုံစံ၊ ဘယ်လိုစစ်ရေးဆိုင်ရာ လက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

သံလွင်တိုင်းမ်အနေနဲ့ စစ်ကောင်စီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ တယ်လီဖုန်းနဲ့ ၅ ကြိမ်ထက်မနည်း ခေါ်ဆိုခဲ့ပေမယ့် အ ဆက်အသွယ်မရရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်အနေနဲ့ စခန်းသိမ်းခံရမှုအပြီး အောက်တိုဘာ ၃၁ ရက်နေ့ နေ့လည်ပိုင်းကနေ ညပိုင်းအထိ လိုင်ဇာအနီးတဝိုက် လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ်လေးစီးနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဂျာထရွာဘက်က အရပ်သားနေအိမ် ၆ လုံး မီး လောင်ပြာကျသွားတယ်လို့ KIA ပြန်ကြားရေးဝာာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မနေ့ နေ့လည်ပိုင်းမှာ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၆ ရက်နေ့က KIA ပူးပေါင်းအင်အားစုတွေရဲ့ မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ်ရှိ လဲလုံစခန်းကို ဝင်ရောက်တိုက်ခိုက်မှုအပေါ် စစ်တပ်အနေနဲ့ သက်ဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (Peace Talk Creation Group) ကတဆင့် ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုအများပြည်သူအသုံးပြုတဲ့ ဆက်သွယ်ရေးလမ်းတွေမှာ အကြမ်းဖက်လုပ်ရပ်တွေ မပြုလုပ်ဖို့နဲ့ ထပ်မံပြီး အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်လာရင် စစ်တပ်အနေနဲ့ သည်းခံနိုင်စွမ်းကုန်ဆုံးကာ သင့် လျော်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ နှစ်ကြိမ်တိုင် အသိပေးအကြောင်းကြားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့မှာလည်း လိုင်ဇာမြို့အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ် မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အလော့န်ဘွမ်တောင်အနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...