ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စဆွေးနွေးရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာသို့ သွားရောက်

ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စဆွေးနွေးရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာသို့ သွားရောက်

ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များအား ပြန်လည်လက်ခံရေးကိစ္စနှင့် ပတ်သက် ပြီး အဖွဲ့ဝင် ၃၄ ဦးပါ စစ်ကောင်စီ မြန်မာကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ သွားရောက်ပြီး မွတ်ဆလင်ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်၊ မောင်တောမြို့မှတစ်ဆင့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့စ်ဘာဇားခရိုင်၊ တက်ကနက်မြို့ဆိပ်ကမ်းကို စက်လှေ ၂ စီးနှင့် ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့က သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ စီစဉ်ထားသည့် တက်ကနက်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဒုက္ခသည်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေး နွေးမည်ဖြစ်ပြီး မကြာမီအချိန်အတွင်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မျှော်လင့်သည်ဟု ဒုက္ခသည်များ ကယ် ဆယ်ရေးနှင့် နေရာချထားရေး ကော်မရှင်နာ မိုဟာမတ် မီဇာနူရ် ရော်ဟာမန်က ပြောဆိုကြောင်း အိုခီးယား သတင်းတွင် ဖော်ပြသည်။

“ဒုက္ခသည် ကိုယ်စားလှယ်များနှင့် မြန်မာကိုယ်စားလှယ်များ ယခုတွေ့ဆုံမှုတွင် နှစ်ဘက်ကြားဆွေးမှုမှ တစ်ဆင့် အကျပ်အတည်းများကို ဖယ်ရှားပြီး ယုံကြည်မှု တည်ဆောက်ကာ ဒုက္ခသည်များ မကြာမီ နေရပ်ပြန်နိုင်ရေး မျှော် လင့်သည်” ဟု ဆိုထားသည်။

အဆိုပါအဖွဲ့ သွားရောက်နေသည်မှာ မှန်ကန်ပြီး ဘင်္ဂလားဒေ့ချ်ရှိ ဒုက္ခသည်များအပါအဝင် အာဏာပိုင်များနှင့် တွေ့ဆုံရန်ရှိသည်ဟု ဒုက္ခသည်များနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

မွတ်ဆလင်ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် ပတ်သက်ပြီး လွန်ခဲ့သည့်နှစ် မတ်လ ၁၅ ရက်နှင့် မေလ ၂၃ ရက်နေ့တို့တွင်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ချ်နိုင်ငံကို သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အလားတူ ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း မွတ်ဆလင် ဒုက္ခသည်များ အပါအဝင် အဖွဲ့ဝင် ၂၀ ဦးပါ၀င်သည့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် မောင်တောမြို့နယ်ရှိ ဒုက္ခသည်များ ပြန်လည်လက်ခံရေး စခန်းများဖြစ်သည့် ငခူရ၊ တောင်ပြို လက်ဝဲနှင့် လှဖိုး ခေါင်စသည့် စခန်းများကို သွားရောက်လေ့လာခဲ့ကြသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA လက်နက်ကိုင်အဖွဲ့က မြန်မာနယ်ခြားစောင့် စခန်းများကို တိုက် ခိုက်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် သိန်းနှင့်ချီသည့် မွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

လက်ရှိအချိန် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့စ်ဘာဇားခရိုင်အတွင်းရှိ တက်ကနက်နှင့် အိုခီးယားမြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်း ၃၃ ခုတွင် မွတ်ဆလင်ဒုက္ခသည် ၁၂ သိန်းကျော် နေထိုင်နေသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသည့် မွတ်ဆလင် ဒုက္ခသည်များအထဲမှ ကနဦးအနေဖြင့် ဒုက္ခသည် ၇၀၀၀ ကျော်ကို လက်ခံမည်ဟု ဧပြီလ ၄ ရက်နေ့တွင် စစ်ကောင်စီက ပြောဆိုထားသည်။

ရခိုင်ပြည်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် နေရာချထားရေး လုပ်ငန်းများကို မည်သည့် အချိန်တွင်မဆို စတင်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း စစ်ကောင်စီ လုံခြုံရေးနှင့် နယ် စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စက်တင်ဘာလ ၁၄ ရက် နေ့တွင် ပြောဆိုထားသည်။

Most read this week

စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...