ရွှေကူမှာ ငဘတ်ကြီးရွာနားမှာ KIA၊KPDFပူးပေါင်းတပ် နဲ့ စစ်တပ်တို့အကြား စစ်ရေးတင်းမာနေ

ရွှေကူမှာ ငဘတ်ကြီးရွာနားမှာ KIA၊KPDFပူးပေါင်းတပ် နဲ့ စစ်တပ်တို့အကြား စစ်ရေးတင်းမာနေ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာထဲက KIA၊ KPDFနဲ့ LPDF ပူးပေါင်းတပ်တွေက သိမ်းပိုက် ထားတဲ့ ငဘတ်ကြီး အထိုင်စခန်း ကြေးနန်းကုန်း (ခေါ်) တာဝါကုန်းစခန်းကို စစ်တပ်ဘက် ပြန်လည်ရယူဖို့ စစ်ရေး လှုပ်ရှားလာနေတာကြောင့် နှစ်ဖက်ကြား စစ်ရေးတင်းမာနေတယ်လို့ ရွှေကူ LPDF အဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ငဘတ်ကြီးကျေးရွာမှာ ရှိတဲ့ ရွှေတူ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်တွေ ပူးပေါင်း တပ်ထိုင်လေ့ရှိတဲ့ အထိုင်တပ်စခန်း တာဝါကုန်းကို KIA နဲ့ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်း သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က တပ်ပြန်ထိုင်နိုင်ရေး အင်အားသုံး စစ်ရေးလှုပ်ရှားလာ နေတာကြောင့် နှစ်ဖက်ကြား စစ်ရေးတင်းမာနေတယ် ပြောပါတယ်။

ရွှေကူနယ် LPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက “သူတို့(စစ်ကောင်စီတပ်) မထိုင်နိုင်သေးဘူး။ သူတို့ရောက်တော့ ရောက်လာတယ်။ ဟိုနေ့ကလည်း အင်အား သုံးဆယ်ကျော်လောက် ပြန်ကပ်လာတယ်။ ဒီဘက် (KIAနဲ့ တော်လှန် ရေး အင်အားစု) က အင်အားပြ လှုပ်ရှားလိုက်တော့ သူတို့ပြန်ဆုတ်သွားတယ်” လို့ KNG ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စခန်းသိမ်းခံလိုက်ရတဲ့နောက် အောက်တိုဘာလ ၃၀ ရက်နေ့မှာလည်း အင်အား ၁၀၀ နီးပါး ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကား ၇ စီးနဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာပြီး ငဘတ်ကြီးရွာထဲကို ဝင် လာဖို့ စစ်ကြောင်းထိုးလာချိန်မှာပဲ KIA နဲ့ တော်လှန်ရေး အင်အားစုတွေက စစ်ရေးလှုပ်ရှားလာတာကြောင့် စစ်ကောင်စီတပ်ဟာ ပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။

ရွှေကူနယ် LPDF တပ်ဖွဲ့တာဝန်ရှိသူက “သူတို့ကတပ်ထဲကနေ ကားတစ်စီးကို လေး ငါး ဆယ်ယောက် လောက်ပဲ စီးပြီး အင်အားအများကြီးပါတဲ့ သဘောမျိုးနဲ့ လာပို့တာ။ ကား လေး၊ ငါး၊ ခြောက်စီးနဲ့ ပို့တာက ရွှေကူအထွက် ငဘတ်ကြီးဘက်က လှိုင်ဆီပန့်ဆိုင်အထိ လာပို့တာ။ လက်နက်ကြီးတွေလည်း ပါတယ်။ ဒီဘက်ကိုလာဖို့ အပြည့် အစုံနဲ့ လာတာပါ့။ ဒီဘက်က ပြန်ပြီးလှုပ်ရှားပြန်တော့ ပြန်ဆုတ်သွားတယ်။ တိုက်ပွဲ ဖြစ်ခါနီးပဲ ဟိုနေ့ကတော့” လို့ ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာ ကား ၇ စီးနဲ့ တက်လာတဲ့ စစ်ကြောင်းဟာ လှိုင်ဆီပန့်ဆိုင်နဲ့ အနီးဝန်းကျင်ထဲက အဆောက်အအုံ မြင့်တဲ့ ခေါင်မိုးပေါ်တွေမှာ လက်နက်ကြီးတွေ တပ်ဆင်ခဲ့ပြီး KIA နဲ့ တော်လှန်ရေး အင်အားစု တွေ အင်အားပြပြီး စစ်ရေးလှုပ်ရှားခဲ့တာကြောင့် အဲ့ဒီ စစ်ကြောင်းဟာ အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းမှာ ရွှေကူတပ်ထဲ ပြန်ဆုတ်သွားတယ်လို့ ဆိုကြပါတယ်။

ဒ့ါအပြင် အခုရက်ပိုင်းအတွင်း ရွှေကူ ငဘတ်ကြီးဘက်မှာ စစ်ကောင်စီတပ်တွေက ပုံမှန် စစ်ရေးလှုပ်ရှားလာတာ တွေ ရှိနေသလို KIA၊ KPDF တွေဘက်ကလည်း ငဘတ်ကြီးရွာဘက်ကနေ နေရာယူထားတာကြောင့် နှစ်ဖက် စစ် ရေးတင်းမာနေလို့ ငဘတ်ကြီးနဲ့ အနီးဝန်းကျင် ရွာတွေက ဒေသခံတချို့ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေ ကြပါတယ်။

ရွှေကူနယ်ထဲက စစ်ကောင်စီတပ်တွေအတွက် အရေးပါတဲ့ အဲ့ဒီ ကြေးနန်းကုန်း တာဝါကုန်းတပ်စခန်းကို အောက် တိုဘာ ၁၈ ရက်နေ့၊ မနက် ၅ နာရီမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...