မြိတ်နှင့်ထားဝယ် အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ပြန်လည်ရရှိ

မြိတ်နှင့်ထားဝယ် အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ပြန်လည်ရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ အကျဉ်းထောင်များတွင် အောက်တိုဘာလ ၂၄ ရက်နေ့မှ စတင်ပြီး ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ရရှိပြီဖြစ်ကြောင်း အကျဉ်းသားမိသားစုဝင်များက ပြောသည်။

ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ် အတွင်းရှိ အကျဉ်းထောင်များကို ကိုဗစ်ကူးစက်မှု အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ သုံးနှစ်ကျော်ကြာ ပိတ်ထားခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလ ၂၄ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ထောင်ဝင်စာတွေ့ခွင့်ကို ပြန်လည် ခွင့်ပြုပေးကြောင်း အကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။

“ဒီနေ့မှပေးတွေ့တယ်။ ပျော်တာပေါ့ မတွေ့ရတာကြာပြီး။ တစ်ခါတွေ့ရင် မိနစ်၂၀ တဲ့။ ရပ်ကွက် ထောက်ခံစာ ရဲစခန်းထောက်ခံစာ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ အဲ့တာတွေအကုန်ပါမှ တွေ့လို့ရမယ်။ အရင်က တော့ အချိန်ပိုတွေ့ချင်ရင် ထောင်ဝန်ထမ်းတွေကို ပိုက်ဆံပေးရတယ်။ အခုကတော့ ဘယ်လိုလာမလဲတော့ မသိ သေးဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးဖြင့် မတရားစွပ်စွဲဖမ်းဆီး ခံထားရ သူ စုစုပေါင်း (၂၅,၃၃၁) ဦးရှိခဲ့ပြီး ၎င်းတို့အထဲမှ (၁၉,၆၁၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံရသူ များအနက် (၇,၈၂၁) ဦးမှာ ထောင်ဒဏ်အသီးသီးချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း - AAPPက ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ စစ်ကောင်စီမှ ထောင်ဝင်စာတွေ့ခွင့်ကို ရုတ်တရက် ခွင့်ပြုလိုက်ခြင်းမှာ နိုင်ငံတကာ၏ ဖိအားများ ကြောင့်ဖြစ်ကြောင်း AAPP ၏  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

၎င်းက “ထောင်တော်တော်များများပါ အားလုံးလို့ပြောလို့ရပါတယ်။ အခုလို တွေ့ခွင့်ပေးတာက နိုင်ငံတကာ ဖိအားကြောင့်လည်း ပါတယ်။ အဓိကက အကျဉ်းသားတွေ မိသားစုနှင့် တွေ့ခွင့်ပါ။ ဒါက အရင် Jail manual လည်း ပြဌာန်းပြီးသားပါ။ အရင်က ထောင်ဝင်စာတွေ့မယ်ဆိုရင်တော့ အိမ်ထောင်စု စာရင်းကတော့ ယူရတယ်။ ရပ်ကွက်တို့နဲ့ ရဲစခန်းတို့က မယူရပါဘူး။ လုံခြုံရေးအကြောင်းပြချက် ပေါ့လေး” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ထောင်ဝင်စာတွေ့ရာတွင်လည်း COVID ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသည့် လက်မှတ်များကိုပါ ယူဆောင်လာရသည့်အပြင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအနေဖြင့်လည်း ရဲစခန်းတွင် ထောက်ခံစာ သွားရောက် ယူဆောင်ရမှာဖြစ်သည့်အတွက် စိုးရိမ်စိတ်များရှိနေကြောင်း အကျဉ်းသား မိသားစုဝင်များက ဆို သည်။

ယခုကဲ့သို့ အကျဉ်းထောင်များအတွင်း ထောင်ဝင်စာတွေ့ခွင့်ပြုခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း အကျဉ်းသားအများရေး ကူညီသူများက ပြောဆိုသော်လည်း အခြား ဒေသ များတွင် ထောင်ဝင်စာတွေ့ခွင့်ပေးခြင်း အပေါ် သီးခြားအတည်ပြုချက် ရယူနေဆဲဖြစ်သည်။ 

May 30, 2026
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ညအချိန် ဆိုင်ကယ်များကို ဆူညံစွာ...
Photo: กิตติศักดิ์ บุญจันทร์ FB
May 29, 2026
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက်...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...